close

ရာသီပေါ်တုပ်ကွေး

close

July 21, 2021

ကနီမြို့နယ်တွင် စစ်ဘေးရှောင်များ ရာသီပေါ်တုပ်ကွေးဖြစ်၊ ဆေးဝါးအကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်ပြည်သူတွေ ရာသီပေါ်တုပ်ကွေးဖြစ်ပွားကာ  ဆေးဝါးနဲ့ တခြားအကူညီတွေ လိုအပ်နေပါတယ်။

ကနီမြို့နယ်၊ ချင်းမြစ်အထက်ပိုင်းမှာ လက်တလော မိုးရွာနေတာ ၄ ရက်လောက်ရှိနေပြီး စစ်ဘေးရှောင်ပြည်သူတွေဟာ အမိုး ၊ အကာလုံခြုံမှုမရှိလို့  မိုးမိပြီး ရာသီတုပ်ကွေးဖြစ်ကြတာလို့ စစ်ဘေးရှောင် ကူညီရေးအဖွဲ့  တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

“ကျနော်တို့ရွာရဲ့ ချင်းတွင်းမြစ်အရှေ့ဘက် ယင်းရွာ၊ ကုန်းသာရွာ၊ ကျောက်လှေကားရွာက ပြည်သူတွေအကုန်လုံး ကျ‌နော်တို့ ရွာဘက်ကို အကုန်ထွက်ပြေးလာတော့ အမိုး၊ အကာ လုံလောက်မှု မရှိတာပေါ့ဗျာ။ အဲလိုဖျားတဲ့သူကို ကုသပေးတဲ့ဆရာဝန်လည်း မရှိဘူး။ ဆေးလုံးတောင် ပါရာစီတမော့လောက်ပဲ သောက်ပြီး နေရတယ်ဗျာ။ ကျနော်ရွာအနီး စစ်ဘေးရှောင်နေတဲ့သူ နေမကောင်းနေတာ အယောက် ၅၀ ကျော် ၆၀ လောက်တော့ရှိမယ်ဗျ။ တခြားယင်းကျေးရွာ၊ မိချောင်းတွင်းရွာ၊ ပဲခင်းမရွာက လူတွေလည်း‌ နေမကောင်းဖြစ်‌နေတာတွေ ရှိနေတယ်ဗျ။” 

ကနီမြို့နယ်အတွင်းက ကျေးရွာအတော်များများမှာ  လက်ရှိအချိန်အထိ စစ်ကောင်စီတပ်တွေက ဝင်ရောက်တပ်စွဲထားပြီး ရှာဖွေဖမ်းဆီးနေတာကြောင့် ရွာသားတွေ နေရပ်စွန့်ခွာထွက်ပြေး နေရပါတယ်။

ဒါ့အပြင်  ကနီမြိုနယ်ဒေသခံပြည်သူအများစုဟာ ကိုဗစ်-၁၉ ရောဂါကပ်ရောဂါဘေးနဲ့ရော ရာသီဥတု သဘာဝဘေးနဲ့ပါ ဒုက္ခအခက်အခဲတွေ ရင်ဆိုင် ကြုံတွေ့နေကြရပါတယ်။

1 min Ago
Up