close

ရာသီအကြိုခရီးစဉ်

close

July 4, 2022

ရာသီအကြိုခရီးစဉ်ကို မဖြစ်မနေလိုက်ပါရန် စီရော်နယ်ဒိုကို မန်ယူအသင်း ဖိအားပေး

မန်ယူအသင်းဟာ စီရော်နယ်ဒိုကို ရာသီအကြိုလေ့ကျင့်ရေးခရီးစဉ်တွေမှာ မဖြစ်မနေလိုက်ပါဖို့ ဖိအားပေးထားတယ်လို့ သိရပါတယ်။

စီရော်နယ်ဒိုဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကစားချင်တာကြောင့် အသင်းပြောင်းရွှေ့ဖို့ တောင်းဆိုထားတယ်လို့ သတင်းထွက်ပေါ်နေတာပါ။

မန်ယူအသင်းဟာလာမယ့် ရက်ပိုင်းအတွင်းမှာ ထိုင်းနဲ့ သြစတြေးလျနိုင်ငံတွေမှာ ရာသီအကြိုလေ့ကျင့်ရေးခြေစမ်းပွဲတွေ သွားရောက်ကစားဖို့ ရှိနေပါတယ်။

လက်ရှိအချိန်မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းမဆင်းနိုင်သေးတဲ့ စီရော်နယ်ဒိုဟာ အပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူအားဖြည့်မှုနဲ့ ပတ်သက်လို့ စိတ်ပျက်နေပြီး အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ Mirror သတင်းစာက ဖော်ပြပါတယ်။

အသက် ၃၇ နှစ်အရွယ် စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ၁၉ နှစ်ဆက်တိုက် ကစားခဲ့သူဖြစ်သလို ချန်ပီယံလိဂ်မှာ သွင်းဂိုးအများဆုံးနဲ့ ပွဲ အရေအတွက်အများဆုံး မှတ်တမ်းတွေရ ရှိထားတာပါ။

လတ်တလောသတင်းတွေအရတော့ စီရော်နယ်ဒိုကို ခေါ်ယူနိုင်ရေး ချဲလ်ဆီးအသင်းပိုင်ရှင် ဘိုလီကကြိုးပမ်းခဲ့သလို ဘိုင်ယန်မြူးနစ် အသင်းကလည်း လီဝန်ဒေါစကီးထွက်ခွါမယ်ဆိုရင် အစားထိုးဖို့ စိတ်ဝင်စားနေပါတယ်။

1 min Ago
Up