ဗြိတိန်နိုင်ငံမှာ အေးခဲနေတဲ့ အပူချိန်ကြားက ဆီနှင်းတွေလည်း ထူထူထပ်ထပ် ကျရောက်နေတာ ကြောင့် နိုင်ငံတဝန်း ခရီးသွားလာမှုဆိုင်ရာ လမ်းကြောင်းတွေ ပြတ်တောက်နေတယ်လို့ ဒီဇင်ဘာ ၁၂ ရက်က ဘီဘီစီကမ္ဘာ့သတင်းမှာ ဖော်ပြပါတယ်။
နိုင်ငံရဲ့အစည်းကားဆုံး ဟီသရိုးလေဆိပ်မှာ ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းက မြူခိုးတွေ ဖုံးလွှမ်းနေတာ ကြောင့် လေကြောင်းခရီးစဉ် ၅၀ ကျော် ဖျက်သိမ်းခဲ့ရပါတယ်။
အေးခဲနေတဲ့ အခြေအနေတွေကြောင့် ရထားနှောင့်နှေးမှုနဲ့ ယာဉ်မတော်တဆမှုတွေလည်း ဖြစ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
စကော့တလန်အရှေ့မြောက်ပိုင်းမှာ အပူချိန် -၁၅ စင်တီဂရိတ်အထိ ဒီဇင်ဘာ ၁၂ ရက် ညပိုင်းမှာ ကျဆင်းနိုင်တဲ့အတွက် ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကတည်းက ဗြိတိန်နိုင်ငံမှာ အနိမ့်ဆုံး အပူချိန် ဖြစ်ပါတယ်။
ဒီလိုဆီးနှင်းကျတာကြောင့် လေဆိပ်တွေ၊ ရထားလမ်းကြောင်း တွေ၊ ကားလမ်းတွေ စတဲ့ ခရီးသွား လာမှုဆိုင်ရာ လမ်းကြောင်းတွေ ပြတ်တောက်နေတာပါ။
မြို့တော်လန်ဒန်ရဲ့ မြေအောက်ရထားလမ်းကြောင်း လည်ပတ်မှု နှောင့်နှေးတာတွေ၊ ဆိုင်းငံ့တာတွေ လည်း ရှိခဲ့သလို ကားလမ်းတွေမှာလည်း ဒီဆီးနှင်းတွေကြောင့် လုံးဝပိတ်ဆို့နေပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းအထိ ပြင်းထန်တဲ့ ရာသီဥတုသတိပေးချက် ထုတ်ပြန် ထားသလို အဝါရောင်အဆင့် သတိပေးချက်ကိုလည်း လန်ဒန်နဲ့ အင်္ဂလန်အရှေ့တောင်ပိုင်းမှာ သတ်မှတ်ထားပြီး မြောက်အိုင်ယာလန်တခုလုံးနဲ့ အင်္ဂလန်ရဲ့ အခြားဒေသတွေကိုတော့ ရေခဲနဲ့ ဆီးနှင်းမြူဆိုင်ရာ သတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့ ဗြိတိန်ရာသီဥတုဆိုင်ရာ ဝန်ဆောင်မှု ဌာန The Met Office က ထုတ်ပြန်ထားပါတယ်။