close

ရာအိမ်မှူးဒဏ်ရာရ

close

November 11, 2021

မန္တလေးမြို့ရှိ မြရည်နန္ဒာရပ်ကွက်ရုံးတွင် ဗုံး ၂ ကြိမ်ကွဲ၊ ရာအိမ်မှူး ၁ ဦး ဒဏ်ရာရ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၅၂ လမ်း၊ ၁၁၄ လမ်းနဲ့ ၁၁၅ လမ်းကြားရှိ ဆောက်လုပ်နေဆဲ ဖြစ်တဲ့ မြရည်နန္ဒာရပ်ကွက်ရုံးမှာ နိုဝင်ဘာလ ၁၁  ရက်က  ဗုံး ၂ ကြိမ်ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ပထမအကြိမ် မနက် ၁၁ နာရီဝန်းကျင်မှာ ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရသူ မရှိပေမဲ့ ဒုတိယအကြိမ် နေ့လယ်  ၁ နာရီကျော်မှာ ပေါက်ကွဲမှုမှာတော့ ရာအိမ်မှူး ဦးမွတ်တား  ဗုံးထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“အရင်က မီးလောင်ထားလို့ ရပ်ကွက်ရုံးက အခုဆောက်နေတာ။ နှစ်ကြိမ် ကွဲတာမှာ ဒုတိယအကြိမ် ရာအိမ်မှူး ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူးလို့ကြားတယ်။” လို့ ရပ်ကွက်နေသူ တဦး က ပြောပါတယ်။

မြရည်နန္ဒာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဟာ မေလ ၁၀ ရက် ညက  မီးလောင်ခဲ့တာကြောင့် အခုအခါ ပြန်လည်ဆောက်လုပ်နေတာဖြစ်ပါတယ်။

2 mins Ago
Up