close

ရာအိမ်မှူးအိမ်

close

May 30, 2021

ရွှေပြည်သာ အမှတ် ၅ ရပ်ကွက် ရာအိမ်မှူးအိမ် ဗုံးပေါက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၅ ရပ်ကွက် ရာအိမ်မှူး နေအိမ်မှာ မေလ ၃၀ ရက် ဒီနေ့ နေ့လည်ပိုင်းမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။

အမှတ် ၅ ရပ်ကွက် ရာအိမ်မှူး မနှင်းဆီ(ခ) မပုမရဲ့နေထိုင်တဲ့ နှင်းဆီပန်းခြံစုနေအိမ်မှာ နေလည် ၂ နာရီ မိနစ် ၅၀ လောက်က ဗုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

"အဲ့ရာအိမ်မှူးက စစ်တပ်ကို သတင်းပေးနေတာ။ သူ့အိမ်မှာ ဗုံးပေါက်တာမှန်တယ်။ ဒါပေမဲ့ သူကတော့ အပြင်သွားနေတာဆိုတော့ သူ့ကို မထိဘူး''လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ရာအိမ်မှူးရဲ့နေအိမ်ကိုတော့ စစ်တပ်နဲ့ရဲ ရောက်ရှိစစ်ဆေးနေပြီး လုံခြုံရေးတင်းကြပ်ထားပါတယ်။

ရွှေပြည်သာမြို့နယ်မှာ ဒီနေ့ မေလ ၃၀ ရက်နေ့  တရက်တည်း  ပေါက်ကွဲမှု ၃ ကြိမ် အထိရှိသွားပြီဖြစ်ပါတယ်။

12 hours Ago
Up