ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် စစ်ရှောင်ပြည်သူ ၄၀၀ ကျော်ဟာ အစားအစာနဲ့ ဆေးဝါးတွေ အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေထံက သိရပါတယ်။
မိုးစစ်၊ ရေလဲ၊ ဆင်တပ်ကျေးရွာတွေက စစ်ဘေးရှောင် အိမ်ထောင်စုပေါင်း ၁၀၈ စုရှိပြီး လူဦးရေ ၄၀၀ ကျော်ခန့်ဟာ စစ်ရှောင်ပြည်သူတွေဟာ ရွှေကူမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေပေါ်မှာ ယာယီတည်းခို စစ်ဘေးရှောင်နေကြရတာ ဖြစ်ပါတယ်။
စစ်ဘေးရှောင်ပြည်သူ တစ်ဦးက "တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာ ၃ ရွာက ဒေသခံ ၄၀၀ ကျော်လောက် အခုစစ်ဘေးရှောင်နေရတယ်။ ရွှေကူမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ ယာယီတည်းခိုကြတယ်။ အိုးပစ်အိမ်ပစ် ပြေးလာရတာဆိုတော့ အစားအစာနဲ့ ဆေးဝါးပစ္စည်း အဓိက လိုအပ်နေပါတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်PDF တို့ဟာ စက်တင်ဘာ ၂၂ ရက်က မိုးစစ်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ ရွာသားတချို့ထိခိုက်ဒဏ်ရာရသွားတဲ့အပြင် နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
ချင်းပြည်နယ် မတူပီမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၆၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မတူပီမြို့နယ်ထဲမှာ ဇန်နဝါရီ ၆ ရက်နေ့လောက်ကစပြီးတော့ မတူပီ CDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူ ၆၀၀၀ ကျော်လောက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာတွေနဲ့ နီးစပ်တဲ့ ဖနိုင်ရွာ၊ငလှိုင်၊ကစဲ၊တီဘော၊ကီလှုန်းနဲ့ ဘွေထီယားကျေးရွာတွေက ဒေသခံပြည်သူ ၆၀၀၀ ကျော်လောက်ဟာ အသက်လုပြီး အိန္ဒိယနိုင်ငံနဲ့ နီးစပ်ရာဆွေးမျိုးတွေဆီနဲ့ တောတောင်ထဲတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာကြောင့် စားနက်ရိက္ခာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ် အကူညီလိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေက ချင်းပြည်နယ်ထဲကို ကုန်တင်ကားတွေ ဝင်ခွင့်မပြုဘဲ ပိတ်ဆို့ထားတာကြောင့် ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် အစရှိတဲ့ စားနက်ရိက္ခာတွေ ပြတ်တောက်နေသလို ဆေးဝါးတွေလည်း ပြတ်တောက်ကာ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံက ပြောပါတယ်။
ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ သက်ဆိုင်ရာ ပရဟိတအဖွဲ့တွေ တော်လှန်ရေးအင်အား စုတွေနဲ့ ချိတ်ဆက်ပြီးတော့ တတ်နိုင်သလောက် လှူဒါန်းပေးကြဖို့ အကူညီတောင်းခံထားပါတယ်။