ဒီကနေ့မနက်ပိုင်းက ယှဉ်ပြိုင်သွားတဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်တွေမှာ ရိန်းဂျားနဲ့ ဖရန့်ဖတ်အသင်းတို့ဟာ လိုက်ဇစ်နဲ့ ဝက်စ်ဟမ်းအသင်းတွေကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲ တက်ခဲ့ပါတယ်။
စကော့တလန်ကလပ် ရိန်းဂျားအသင်းဟာ နာမည်ကြီး လိုက်ဇစ်ကို ပထမအကျော့က ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ ဒါကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ ယူရိုပါလိဂ်ဗိုလ်ပွဲဆီ တက်လှမ်းနိုင်ခဲ့တာပါ။
ဂျာမန်ကလပ် ဖရန့်ဖတ်အသင်းဟာလည်း ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး ၁ ဂိုးနဲ့ ဗိုလ်လုပွဲ တက်ခဲ့တာပါ။
ဗိုလ်လုပွဲစဉ်ကို လာမယ့် မေ ၁၉ ရက်မှာ စပိန်နိုင်ငံ ဆီဗီလာမြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ယူရိုကွန်းဖရန့်လိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာတော့ ဖီယင်နုက မာဆေးကို ဂိုးမရှိသရေ ကစားခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ ဗိုလ်လုပွဲတက်ခဲ့ပါတယ်။
အလားတူ ရိုးမားအသင်းကလည်း လက်စတာကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး ၁ ဂိုးနဲ့ ဗိုလ်လုပွဲတက်ခဲ့ပါတယ်။
ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲကိုတော့ အယ်လ်ဘေးနီးယားနိုင်ငံမှာ မေ ၂၆ ရက်နေ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။