close

ရိုက်နှက်ပစ်သတ်

close

November 10, 2021

ယင်းမာပင်တွင် တိုက်ပွဲဖြစ်၊ ပြည်သူနှစ်ဦးကို စစ်ကောင်စီက ရိုက်နှက်ပစ်သတ်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ င​မောင်း​ကျေးရွာအနီးမှာ စစ်​ကောင်စီတပ်နဲ့ ​PDF အဖွဲ့တို့ နိုဝင်ဘာ ၁၀ ရက်​နေ့ မနက်ပိုင်းက ထိ​တွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်​ကောင်စီ တပ်ဖွဲ့အင်အား ၁၀၀ ​ကျော်​လောက် ဒီနေ့မနက် ၁၀ နာရီ​ခွဲလောက် င​မောင်း​ကျေးရွာဘက်ကို မိုင်းရှာ​ဖွေရှင်းလင်း​ရေး ​လာရောက်စဉ် PDF အဖွဲ့နဲ့ ထိ​တွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

၁ နာရီဝန်းကျင်​လောက် နှစ်ဖက် အပြန်လှန်ပစ်ခတ်ခဲ့ကြပြီး ထိခိုက်ကျဆုံးမှု အ​ခြေ​အနေ မသိရ​သေးဘူးလို့ ဆိုပါတယ်။

ပစ်ခတ်မှုအပြီး စစ်​ကောင်စီတပ်ဖွဲ့ဟာ ယင်းမာပင်ဘက်ကို ပြန်လည်ထွက်ခွာသွားကာ အင်အားဖြည့်တင်း​ရေး လုပ်​ဆောင်​နေကြောင်း၊ တဖက်နဲ့ တဖက် ​အ​ခြေ​အနေ စောင့်ကြည့်​နေတဲ့အဆင့် ဖြစ်သလို ပြန်လည်တင်းမာလာနိုင်​ကြောင်း၊ ဒေသခံပြည်သူ​တွေက​တော့ ​နေအိမ်​တွေမှာ မ​နေရဲဘဲ ထွက်​ပြေး​နေကြရတယ်လို့ သိရပါတယ်။

ယင်းမာပင်မြို့နယ် တယ်ပင်ကန်​ကျေးရွာအနီးမှာ စစ်​ကောင်စီတပ်ဖွဲ့နဲ့ PDF အဖွဲ့တို့ဟာ နိုဝင်ဘာ ၉ ရက်​နေ့ကလည်း ဖက်နဲ့တဖက် အပြန်အလှန် ထိ​တွေ့ပစ်ခတ်မှု​တွေရှိခဲ့ပြီး ခရီးသွားပြည်သူ  ၂ ဦးကိုလည်း စစ်​ကောင်စီတပ်က ရိုက်နှက်ပစ်သတ်တာ ခံခဲ့ရ​ကြောင်း၊ အ​လောင်းကိုလည်း ခုချိန်ထိ သွားမ​ကောက်ရဲကြ​သေးဘူးလို့ ​ဒေသခံ​တွေက​ ပြောပါတယ်။

53 seconds Ago
Up