close

ရိုဟင်ဂျာ

close

May 4, 2023

အောင်လံမြို့တွင် ထွက်ပြေးသွားသည့် ရိုဟင်ဂျာ ၁၃ ဦး ပြန်လည်ဖမ်းဆီးခံရ

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ စစ်ကောင်စီတပ်ကဖမ်းဆီးထားတဲ့ ရိုဟင်ဂျာ ၁၃ ယောက် ထွက်ပြေးခဲ့ရာ အမြန်လမ်းမှာ မေ ၃ ရက် မနက် ၁၀ နာရီက ပြန်လည်ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အောင်လံမြို့နယ်မှာ မေ ၂ ရက်၊ ည ၁၀ နာရီက ထောက်ကြံ့တိုင်းကျေးရွာ ရွာပေါက်နဲ့ ကျောက်ကြားရှိ လမ်းမပေါ်မှာ ရပ်ထားတဲ့ ကားတစီးပေါ်ကနေ ရိုဟင်ဂျာ ၁၃ ယောက်ကို စစ်ကောင်စီက ဖမ်းမိခဲ့တာလို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဘွတ်ကြီးတံတား စစ်ဆေးရေးဂိတ်က ဖမ်းတာ၊ အဲ့ညမှာပဲ ၁၃ ယောက် ထွက်ပြေးတာ၊ ၄ ယောက်မိတယ်၊ မနက်ကျတော့ အမြန်လမ်းမှာ ၉ ယောက်ထပ်မိတယ်။”

ထွက်ပြေးသွားတဲ့ ယာဥ်မောင်းနဲ့ ရိုဟင်ဂျာ အမျိုးသား ၇ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို မေ ၃ ရက် မနက် ၁၀ နာရီလောက် ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၂၀၅ မှာ ပြန်လည်ဖမ်းမိခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတဦးက ပြောပါတယ်။

“ယာဥ်မောင်းကိုတော့ မမိဘူး၊ ကျန်တာ ၁၃ ယောက်လုံးမိတယ်။ သူတို့တွေကို စစ်တွေကနေ ခေါ်လာတယ်လို့ ပြောတယ်။ အခုဖမ်းမိတဲ့သူတွေအကုန် အောင်လံရဲစခန်းကို လွှဲလိုက်ပြီ။”

လတ်တလောမှာ ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာ အမျိုးသား ၁၀ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ကို အောင်လံမြို့မရဲစခန်းမှာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

2 mins Ago

April 29, 2023

ငရုတ်ကောင်းမြို့ ပင်လယ်ပြင်မှာဖမ်းမိသည့် ရိုဟင်ဂျာအယောက် ၇၀ ကို ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချခံရ

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ပင်လယ်ပြင်မှာ ဧပြီ ၁၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာ အယောက် ၇၀ ကို  စစ်ကောင်စီလက်အောက်ခံ တရားရုံးကနေ ဧပြီ ၂၄ ရက်နေ့က ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ရခိုင်ပြည်နယ်နေ ထွက်ခွာလာတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီလက်အောက်ခံ ငပုတောမြို့နယ် တရားရုံးကနေ မှတ်ပုံတင်အက်ဥပဒေပုဒ်မ ၆၃ (က)နဲ့ ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

“ ခုက တရားရုံးတင်တာနဲ့ တန်းအမိန့်ချလိုက်တာ၊ အရင်ကဆို ရုံးချိန်း ပြန်ချိန်းတာတွေရှိတယ်၊ ခုက ဘာမှဖြေရှင်းခွင့်မပေးတော့ဘဲ တန်းချတဲ့သဘောမျိုးတော့ ဖြစ်သွားတာပေါ့။ သူတို့ကို လိုက်ပို့တဲ့ ပွဲစားနဲ့ စက်လှေသမားတွေတော့ အမိန့်မချသေးဘူး”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခဲ့တဲ့ ရိုဟင်ဂျာတွေထဲမှာ အသက် ၁၈ နှစ်အပြည့်သေးတဲ့ အမျိုးသား ၂၆ ဦးကို ငှက်အော်စမ်းလူငယ်လေ့ကျင်ရေးစခန်းကို ပို့ဆောင်ပြီး အသက် ၇ နှစ်အောက် ကလေး ၂ ဦးကိုတော့ ပုသိမ်မြို့မှာရှိတဲ့ လူမှုဝန်ထမ်းဦးစီးဌာနကို အပ်နှံပေးခဲ့တယ်လို့ ဆိုပါတယ်။

ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရတဲ့ ရိုဟင်ဂျာ ၄၂ ဦးကိုတော့ ဧပြီလ ၂၅ ရက်မှာ ငပုတောမြို့နယ်က နေ ပုသိမ်အကျဉ်းထောင်ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေကို ခေါ်ဆောင်လာတဲ့ ပွဲစားနဲ့ စက်လှေမောင်းသူ စုစုပေါင်း ၇ ဦး ကိုတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က လူကုန်ကူးမှုပုဒ်မနဲ့အမှုဖွင့်ပြီး စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

https://www.facebook.com/photo?fbid=16
5 days Ago
Up