close

ရီယိုဒီဂျနေရိုမြို့စွန်

close

November 23, 2021

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုမြို့စွန်တွင် ပစ်ခတ်မှုဖြစ်ပြီး အနည်းဆုံး လူ ၇ ဦးသေဆုံး

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုမြို့စွန်မှာ ဒေသခံတွေနဲ့ နယ်ခံရဲတွေအကြား သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ အပြီး နိုဝင်ဘာ ၂၂ ရက်က ဒီရေတောထဲကနေ အလောင်း ၇ လောင်းထက်မနည်းကို ရှာတွေ့ခဲ့ပါတယ်။

အလောင်းတွေကို ဆောင်ဂွန်ကာလိုမြို့ စယ်လ်ဂွေရို ဆင်းရဲသား ရပ်ကွက်နားမှာ တွေ့ခဲ့တာပါ။ ဒီဒေသဟာ ရီယိုမြို့အစိတ်အပိုင်း ဖြစ်ပေမယ့် ဆင်းရဲပြီး အကြမ်းဖက်မှုပေါတဲ့ ဒေသလည်း ဖြစ်ပါတယ်။

တခြားအလောင်းတွေ ထပ်တွေ့ဦးမယ်လို့ ယုံထားတယ်လို့ ဒေသခံတွေက မီဒီယာတွေကို ပြောပါတယ်။

“အလောင်းတွေအားလုံးမှာ အနှိပ်စက်ခံထားရတဲ့ လက္ခဏာတွေ ရှိတယ်၊ အလောင်းတွေ တယောက်ပေါ် တယောက် ထပ်နေအောင် လွှင့်ပစ်ထားတယ်ဆိုတော့ အစုလိုက် အပြုံလိုက် လူသတ်မှုဆိုတာ ရှင်းနေတယ်”လို့ ဒေသခံ တယောက်က TV ဂလိုဘို ရုပ်သံဌာနကို ပြောပါတယ်။

သီတင်းပတ်ကုန်ရက်  စစ်ဆင်ရေးအပြီး အလောင်းတွေကို တွေ့ခဲ့တာဖြစ်ပြီး စနေနေ့က နယ်မြေခံ ရဲအရာရှိ တယောက် ကင်းလှည့်နေချိန်မှာ သေဆုံးခဲ့ပါတယ်။

ဆောင်ဂွန်နာကာလိုဒေသကို အမှတ်၇ ခြေလျင်တပ်ရင်းက ကြီးကြပ်နေပြီး ဒီနယ်မြေဟာ ရီယိုပြည်နယ်မှာ လူအသေအပျောက် အများဆုံးလည်း ဖြစ်ပါတယ်။

မူးယစ်ဂိုဏ်းတွေ အကြမ်းဖက်နေလို့ ဒေသတွင်းတည်ငြိမ်အောင် ဝင်လာခဲ့တာလို့ ရဲတွေက ပြောပါတယ်။ အရပ်ဘက် ရဲအရာရှိတွေကို အမှု စုံစမ်းစစ်ဆေးခွင့် ပေးသွားမယ်လို့လည်း  သူတို့က ပြောပါတယ်။

ဒီနှစ်ထဲမှာ အမှတ် ၇ တပ်ရင်းဟာ လူ ၁၀၉၆ ယောက်ကို သတ်ခဲ့ပြီး ပြည်နယ်အတွင်း တပ်ရင်းအားလုံးထဲမှာ လူသတ်နှုန်းအမြင့်ဆုံး ဖြစ်လာခဲ့ပါတယ်။ ဒါဟာ မနှစ်က ပထမ ၉ လအတွင်း သေဆုံးသူဦးရေထက် ၁၇ ရာခိုင်နှုန်းတိုးလာတာလို့ ရိုက်တာသတင်းဌာနမှာ ရေးပါတယ်။

3 mins Ago
Up