close

ရီဟာနား

close

December 1, 2021

အဆိုတော် ရီဟာနားကို နိုင်ငံ့သူရဲကောင်းအဖြစ် ဘာဘေဒိုးစ်အစိုးရ ကြေညာ

ဘာဘေဒိုးစ်အစိုးရဟာ အဆိုတော် ရီဟားနားကို နိုင်ငံ့သူရဲကောင်းအဖြစ် နိုဝင်ဘာ ၃၀ ရက်မှာ ကြေညာလိုက်ပါတယ်။

ရီဟားနားရဲ့ ဇာတိမြို့ ဘရစ်ချ်တောင်းမှာ ကျင်းပတဲ့ သမ္မတနိုင်ငံတော်နေ့ ပွဲအတွင်း  ဝန်ကြီးချုပ် မီယာမော့တ်လေက ကြေညာလိုက်တာပါ။

ဝန်ကြီးချုပ်က အသက် ၃၃ နှစ်အရွယ် ရီဟားနားကို ချီးကျူးဂုဏ်ပြုဖို့ လူအုပ်ရှေ့ကို ဆင့်ခေါ်ခဲ့ပါတယ်။

ရီဟားနား အောင်မြင်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ ဖြန့်ချိတဲ့ တေးစီးရီး ဒိုင်းမွန်းစ်ကို ရည်ညွှန်းပြီး စိန်လို ဆက်လက်တောက်ပနိုင်ပါစေ၊ အမိနိုင်ငံအတွက် လုပ်ရပ်တွေ အလုပ်တွေနဲ့ ဂုဏ်ဆောင်နိုင်ပါစေလို့ ဝန်ကြီးချုပ်က ရီဟားနားကို ပြောခဲ့ပါတယ်။

ဘာဘေဒိုးစ်နိုင်ငံဟာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ကို နိုင်ငံတော်အကြီးအကဲအဖြစ်ကနေ ပယ်ဖျက်ပြီး သမ္မတ နိုင်ငံတော်သစ်ကို အင်္ဂါနေ့က စတင်တည်ထောင်လိုက်တာပါ၊

ကယ်ရစ်ဘီယံကျွန်းနိုင်ငံဆီကို ပထမဆုံး အင်္ဂလိပ်သင်္ဘောတွေ ရောက်လာအပြီး အနှစ် ၄၀၀ အကြာမှာ လက်ကျန်ကိုလိုနီစာချုပ်တွေကို ပယ်ဖျက်ပြီး ပထမဆုံး သမ္မတဟာလည်း ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

မြို့တော် ဘရစ်ချ်တောင်းမ်က ချိန်ဘာလေတံတားမှာ လူရာချီ တန်းစီ ကောင်းချီးပေးနေချိန် ည သန်းခေါင်မှာ သမ္မတ နိုင်ငံတော်သစ် မွေးဖွားခဲ့ပါတယ်။

အမြောက် ၂၁ ချက် ပစ်ဖောက် ဂုဏ်ပြုပြီး လူစည်ကားနေတဲ့ သူရဲကောင်းများရင်ပြင်မှာ အမျိုးသားသီချင်းကို ဖွင့်လှစ်သီဆိုခဲ့ကြပါတယ်။

11 mins Ago
Up