close

ရီးရဲလ်ကွင်းလယ်ကစားသမား

close

August 19, 2022

ရီးရဲလ်ကွင်းလယ်ကစားသမား ကတ်စမဲရိုး မန်ယူအသင်းဆီပြောင်းရွှေ့ရန်သဘောတူ

ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ကတ်စမဲရိုးဟာ မန်ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ဖို့ အကြိုသဘောတူညီခဲ့တယ်လို့ စပိန်သတင်းစာ မာကာက ဖော်ပြပါတယ်။

အသက် ၃၀ နှစ်ရှိ ဘရာဇီးလက်ရွေးစင်ကွင်းလယ်လူကို မန်ယူအသင်းက ပေါင်သန်း ၆၀ လောက်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာပါ။

မန်ယူအသင်းဟာ ကတ်စမဲရိုးကို ၅ နှစ်စာချုပ်အထိ ချုပ်ဆိုဖို့ရှိနေပြီး ကစားသမားဟာလည်း မက်လောက်စရာ လုပ်ခလစာ ရရှိမယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဘက်ကတော့ ကစားသမားဖြစ်သူရဲ့ဆန္ဒအတိုင်း လိုက်လျောမှာဖြစ်ပြီး ကတ်စမဲရိုးနဲ့ တွေ့ဆုံဆွေးနွေးသွားမှာပါ။

ကတ်စမဲရိုးဟာ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတာပါ။ ရီးရဲလ်မက်ဒရစ်ကလပ်ဘက်ကတော့ ကတ်စမဲရိုးနေရာမှာ နယူးကာဆယ်ကွင်းလယ်လူ ဂွီမာရေးစ်နဲ့ ပြန်လည်အစားထိုးဖို့ ပြင်ဆင်ထားပါတယ်။

၂၀၁၃ ခုနှစ်ကတည်းက မက်ဒရစ်ကိုရောက်ရှိနေတဲ့  ကတ်စမဲရိုးဟာ ပွဲပေါင်း ၃၀၀ ကျော်ကစားခဲ့ပြီး လာလီဂါချန်ပီယံဆုတွေအပြင် ဥရောပချန်ပီယံလိဂ်ဖလား ၅ ကြိမ် အထိရယူနိုင်ခဲ့ပါတယ်။

55 seconds Ago
Up