close

ရီးရဲလ်တောင်ပံတိုက်စစ်မှူး

close

May 9, 2023

ရီးရဲလ်တောင်ပံတိုက်စစ်မှူး ဟာဇက် ကစားသမားဘဝက အနားယူလို

ရီးရဲလ်မက်ဒရစ်တောင်ပံတိုက်စစ်မှူးအေဒင်ဟာဇက်ဟာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံး ချိန်မှာ ကစားသမားဘဝကနေ အနားယူဖို့ စဉ်းစားနေတယ်လို့သိရပါတယ်။

ဟာဇက်ဟာ ဘယ်လ်ဂျီယံ အသင်းကနေလည်း အနားယူထားပြီး ရီးရဲလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့်  ၂၀၂၄ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူဖို့ ပြင်ဆင်နေတာပါ။

အသက်၃၂နှစ်ရှိ ဟာဇက်ကို အမေရိကန်မေဂျာလိဂ်ကလပ်တွေနဲ့ ဆော်ဒီကလပ်တွေကလည်း ကမ်းလှမ်းမှုတွေရှိလာနိုင်ပါတယ်။

ဒါပေမဲ့ ကောင်းမွန်တဲ့ ကမ်းလှမ်းချက်မရှိရင်တော့ အနားယူလိုက်ဖို့ ဟာဇက်က စဉ်းစားထားတယ်လို့သိရပါတယ်။

ဟာဇက်ဟာ အခုနှစ်ဘောလုံးရာသီမှာ ၃၃၇ မိနစ်သာ ကစားခဲ့ရပြီး ခက်ခဲတဲ့ ဘောလုံးရာသီတစ်ခုဖြစ်ပေမဲ့ ထိပ်တန်းအသင်းကြီးမှာကစားနေရတာဖြစ်တယ်လို့ ပြောပါတယ်။ ရီးရဲလ်အသင်းကစားသမားဟောင်းတွေဖြစ်ကြတဲ့ ဂါရတ်ဘေးလ်နဲ့ အိုဇေးလ်တို့ဟာလည်း ကစားသမားဘဝကနေ စောစောစီးစီး အနားယူခဲ့ကြပါတယ်။

6 mins Ago
Up