ရုရှားတိုက်ခိုက်ရေးယာဉ်တန်းတခု ယူကရိန်းနိုင်ငံ အတွင်းပိုင်းထဲ မောင်းဝင်လာတဲ့ ဗွီဒီယိုကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၉ ရက်နေ့မှာ ပြသခဲ့ပါတယ်။
ကာကွယ်ရေးဌာနက တွစ်တာအကောင့်ကနေ “ရုရှား သံချပ်ကာယာဉ်တန်းဟာ ဦးတည်သတ်မှတ်ထားတဲ့ နေရာကို သွားနေပါတယ်။ ယူကရိန်းဒေသအားလုံးကို ထိန်းချုပ်နိုင်ဖို့ အထူးစစ်ဆင်ရေး ဆင်နွှဲနေတာပါ” လို့ ရေးထားပါတယ်။
တိုက်ခိုက်ရေးယာဉ်နှစ်စီးမှာ ဆိုဗီယက်နိုင်ငံဟောင်းအလံ လွှင့်ထားပါတယ်။ ယာဉ်တန်းမှာ တင့်ကားတွေ၊ အမြောက်ပစ်ယာဉ်တွေနဲ့ ဒုံးလောင်ချာမျိုးစုံ ပါဝင်ပါတယ်။