ယူကရိန်းနိုင်ငံမှာ ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ချက်ချင်းရပ်တန့်ရမယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြောလိုက်ပါတယ်။
“ယူကရိန်းအပေါ် တိုက်ခိုက်မယ့် ရုရှားရဲ့ ဆုံးဖြတ်ချက်ကို ပြင်သစ်နိုင်ငံအနေနဲ့ ပြင်းပြင်း ထန်ထန် ရှုတ်ချပါတယ်။ ရုရှားအနေနဲ့ သူတို့ရဲ့ စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးတွေကို ချက်ချင်း ရပ်တန့်ရပါမယ်။ ပြင်သစ်နိုင်ငံအနေနဲ့ ယူကရိန်းနဲ့ စည်းလုံးညီညွတ်စွာ ရပ်တည်နေပြီး ယူကရိန်းနိုင်ငံသားတွေနဲ့အတူ စစ်ပွဲကိုအဆုံးသတ်နိုင်ဖို့ လုပ်ဖော်ကိုင်ဖက်တွေ၊ မဟာ မိတ်တွေနဲ့အတူ လုပ်ဆောင်နေပါတယ်”လို့ တွစ်တာလူမှုကွန်ရက်ပေါ်ကတဆင့် ရေးသား ထားပါတယ်။
ပြင်သစ်သမ္မတဟာ ယူကရိန်းသမ္မတ ဗလော့ဒ်ဒီမီယာ ဇလန်စကီနဲ့ ဒီကနေ့ မနက်အ စောပိုင်းက ဆွေးနွေးခဲ့ကြပြီး ဇလန်စကီက ယူကရိန်းကို ထောက်ပံ့ကူညီ ပေးနိုင်ဖို့ တောင်းဆိုခဲ့တယ်လို့ အေလီဇေးနန်းတော် ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ဇလန်စကီက “ဥရောပမှာ စည်းလုံးညီညွတ်မှု” ရှိစေဖို့လည်း တောင်းဆိုခဲ့ပြီး သမ္မ တ မက်ခရွန်ကတော့ ပြင်သစ်နိုင်ငံရဲ့ ထောက်ခံအားပေးမှုနဲ့ စည်းလုံးညီညွတ်မှုအတွက် အာမခံခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သမ္မတ မက်ခရွန်ဟာ ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်စ် မိုက်ကယ်နဲ့လည်း ဆွေး နွေးခဲ့တယ်လို့ ဆိုပါတယ်။
ကိုးကား-ပြင်သစ်