ယူကရိန်းတိုက်ပွဲအတွင်း ရုရှားစစ်သား ၁၃၂၁ ဦး သေဆုံးပြီး ၃၈၂၅ ဦး ဒဏ်ရာရထားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရပါတယ်။
ဒဏ်ရာစစ်သားတဦးက “တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာစေချင်ပါတယ်။ ကျနော့် အစီအစဉ်ကတော့ အရပ်သားတယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်း ပညာသင်ကြားဖို့ပါ။ တကမ္ဘာလုံး ငြိမ်းချမ်းစေချင်ပါတယ်။ ရိုးရိုးသားသား ဆန္ဒပြုတာပါ” လို့ ပြောပါတယ်။
ရုရှားသမ္မတပူတင်က အိမ်နီးချင်းယူကရိန်းကို အန္တရာယ်ရှိသော အမျိုးသားရေးဝါဒီများဟု ခေါ်ဝေါ်ပြီး ဖေဖော်ဝါရီ ၂၄ မှာ အထူးစစ်ဆင်ရေး စတင်ခဲ့တာပါ။ ယခု ယူကရိန်းတပ်တွေရဲ့ ခုခံမှု မြင့်တက်လာပြီး ရုရှားတပ်တွေ အကျအဆုံးများနေတာပါ။
ယူကရိန်းအနောက်ဘက် လဗီးမြို့ကို စနေနေ့က ရုရှားတို့တိုက်ခိုက်တဲ့ ဒုံးကျည်နှစ်ခု ထိမှန်ပြီးနောက် မီးခိုးလုံးတွေ အလိပ်လိုက် ထူထဲစွာ တက်နေခဲ့ပါတယ်။
မြို့ပြင်ရှိ လောင်စာဆီသိုလှောင်ရုံကို ဒုံးကျည် ထိမှန်ပြီး လူ ၅ ဦး သေဆုံးတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
မနေ့က အစောပိုင်းမှာလည်း လဗီးမြို့ အရှေ့ခြမ်းကို အားပြင်းတဲ့ ဒုံးကျည်သုံးလုံး ကျခဲ့ပြီးနောက် ဒေသခံတွေကို လူအများခိုလှုံရာမှာ စုဝေးနေဖို့ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။