close

ရုရှားစစ်သား ၄၉၈ ဦး

close

March 3, 2022

ယူကရိန်းစစ်မြေပြင်တွင် ရုရှားစစ်သား ၄၉၈ ဦးသေဆုံး၊ ၁,၅၉၇ ဦး ဒဏ်ရာရ

ရုရှားတပ်တွေ ယူကရိန်းကို စစ်ဆင်ရေးစတင်မှု တပတ်အတွင်း ယူကရိန်းစစ်မြေပြင်မှာ ရုရှားစစ်သား ၄၉၈ ဦး ကျဆုံးပြီး ၁,၅၉၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။

မော်စကိုက အကျအဆုံးစာရင်းကို ပထမဆုံးအကြိမ် အတည်ပြုတာပါ။ တချိန်တည်းမှာ ယူကရိန်းစစ်သား ၂,၈၇၀ ဦးကျော် ကျဆုံးပြီး ၃,၇၀၀ ဒဏ်ရာရတယ်လို့လည်း ပြောပါတယ်။

ကိန်းဂဏန်းတွေက အပြောင်းအလဲရှိနိုင်ပြီး ယူကရိန်းဘက်က မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။ 

2 mins Ago
Up