ရုရှား သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသက ပင်လယ်နက် တပ်မဟာရဲ့ ဒုစစ်ဦးစီးမှူး ကျဆုံးတဲ့အတွက် သူ့ရဲ့ဈာပနပွဲကို မတ် ၂၃ ရက်က စီဗက်စတိုပို ဆိပ်ကမ်းမြို့မှာ ကျင်းပတဲ့ ဈာပနကို လူရာချီ တက်ရောက်ခဲ့ပါတယ်။
ရုရှားက ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ကျူးကျော်အပြီး ရုရှားစစ်တပ် အဆင့်မြင့်အရာရှိတွေ ဆက်တိုက် ကျဆုံးနေတယ်ဆိုတဲ့ ယူကရိန်းအစိုးရ ပြောဆိုချက်ထဲမှာ သူဟာ နောက်ဆုံးသေဆုံးသူပါ။ မာရိုင်ပူမြို့တိုက်ပွဲမှာ ကျဆုံးတဲ့ အန်ဒရေ ပါလီယေဟာ ပထမဆင့် အရာရှိလည်း ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံထဲမှာ ရုရှားဗိုလ်ချုပ်ကြီးအဆင့် ၆ ဦး ဗိုလ်မှူးကြီးအဆင့်နဲ့ တခြားအရာရှိ ဒါဇင်ချီ ကျဆုံးခဲ့ပြီးပြီလို့ ယူကရိန်းသမ္မတအကြံပေး မီခေးလို ပိုဒိုယက်ခ်က မတ် ၂၀ ရက်နေ့မှာ ပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ဘယ်အသေအပျောက်ကိုမှ အတည်မပြုသေးပါဘူး။ မတ်လ ၂ ရက်ကတော့ ရုရှားစစ်သည် ၄၉၈ ယောက် သေဆုံးခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ယူကရိန်းအစိုးရကတော့ ရုရှားစစ်သည် တသောင်းခွဲလောက် သေဆုံးခဲ့ပြီးပြီလို့ ပြောပါတယ်။ ယူကရိန်းအစိုးရရဲ့ ကြေညာချက်ကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်တာမျိုး မရှိပေမယ့် တချို့ ကြေညာချက်တွေကိုတော့ ရုရှား သတင်းရင်းမြစ်တွေက အတည်ပြုပေးခဲ့ပါတယ်။