close

ရုရှားစီးပွား‌ေရးလုပ်ငန်းရှင်

close

December 16, 2022

ရုရှားစီးပွားရေးလုပ်ငန်းရှင် ဗလာဒီမာ ပိုတန်နင်ကို အမေရိကန် ဒဏ်ခတ်အရေးယူ

အမေရိကန်ပြည်ထောင်စုဟာ ရုရှားရဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍနဲ့ ရုရှား စီးပွားရေးလုပ်ငန်းရှင် ဗလာဒီမာပိုတန်နင်တို့ကို ဒီဇင်ဘာ ၁၅ ရက်က ပစ်မှတ်ထား အရေးယူပိတ်ဆို့လိုက်ပါတယ်။

ဝါရှင်တန်ဟာ ရုရှားရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တယောက်ဖြစ်တဲ့ ပိုတန်နင်အပြင် သူ့ဇနီး၊ အရွယ်ရောက် သားသမီးတွေ၊ ရွက်လှေနဲ့ ပိုတန်နင် အုပ်ချုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုမ္ပဏီတခုဖြစ်တဲ့ Interros ကုမ္ပဏီတို့ကိုပါ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားကြောင်း နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

အသက် ၆၁ နှစ်အရွယ် ပိုတန်နင်ဟာ ရုရှားနိုင်ငံက နီကယ်နဲ့ ပလေဒီယမ် သတ္တုတူးဖော်ရေးနဲ့ အရည်ကျိုရေး ကုမ္ပဏီဖြစ်တဲ့ နော်နစ်ကဲလ် ကုမ္ပဏီမှာ တရားဝင်ခန့်အပ်မထားတဲ့ အကြီးဆုံး ရှယ်ယာရှင်တယောက် ဖြစ်ပါတယ်။ ဒီကိစ္စအပေါ် နော်နစ်ကဲလ်က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနကလည်း နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ရုရှားမီးရထား ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်တွေ၊ မော်စကိုဒေသ အုပ်ချုပ်ရေးမှူး အပါအဝင် အစိုးရအဖွဲ့ဝင်တွေအပြင် သူတို့ရဲ့မိသားစုဝင်တွေကိုပါ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။

ယူကရိန်းရှိ ရုရှားက ခန့်အပ်ထားတဲ့ ကြားခံအာဏာပိုင် ၇ ဦးကိုလည်း ပိတ်ဆို့အရေးယူဖို့ သတ်မှတ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

13 hours Ago
Up