close

ရုရှားထောက်လှမ်းရေး

close

March 3, 2022

ကုလ၌ အလုပ်လုပ်နေသည့် ရုရှားထောက်လှမ်းရေးကို ပြည်နှင်ဒဏ်ပေး

ကုလသမဂ္ဂမှာ အလုပ်လုပ်နေတဲ့ ရုရှထောက်လှမ်းရေးတယောက်ကို ပြည်နှင်ဒဏ် ပေးလိုက်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင်အတွက် ပြောခွင့်ရက မတ် ၁ ရက်မှာ ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံထဲမှာ နေထိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ကုလသမဂ္ဂမှာ အလုပ်လုပ်ရင်း ရုရှား ထောက်လှမ်းရေး စစ်ဆင်ရေးတရပ်မှာ ပါဝင်နေတဲ့ လူတယောက် ပြည်နှင်ဖို့ လိုအပ်တာတွေကို အမေရိကန်အစိုးရက စလုပ်နေပြီလို့ ပြောခွင့်ရက ပြောပါတယ်။

အမေရိကန်ဟာ အမျိုးသားလုံခြုံရေးအတွက် နယူးယောက်မြို့က ကုလသမဂ္ဂ တာဝန်ကနေ ရုရှ သံတမန် ၁၂ယောက်ကို အရင်က နှင်ထုတ်ခဲ့ပါသေးတယ်။ 

“ကျနော်တို့ကိုယ် ကျနော်တို့ ဒီအခြေအနေထဲမှာ တွေ့ရလို့ ဝမ်းနည်းရတယ်။ ဒါပေမဲ့ လက်ခံနိုင်ငံနဲ့ ပြောဆိုနေပါပြီ” လို့ ကုလပြောခွင့်ရ စတက်ဖနေဒူဂျာရစ်က မတ် ၁ ရက်နေ့မှာ ပြောပါတယ်။

ဒီဆုံးဖြတ်ချက်အတွက် နားလည်ရခက်တာက ဒီဝန်ထမ်းဟာ သူ့တာဝန်ကို မတ် ၁၄ ရက်မှာ အဆုံးသတ်ဖို့ အချိန်ဇယားဆွဲထားတာကိုပဲလို့ ဒူဂျာရစ်က ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗက်စီလီနေဘန်ဇီယာကတော့ ရုရှားသံတမန် ၁၂ ယောက်ဟာ မတ် ၇ ရက်မှာ အမေရိကန်နိုင်ငံထဲကနေ ထွက်သွားဖို့ အမိန့်ပေးခံထားရတယ်လို့ ဖေဖော်ဝါရီ  ၂၈ ရက်က ပြောပါတယ်။

ဒါဟာ အမေရိကန်ရဲ့ ရန်လိုတဲ့ လုပ်ရပ်ဖြစ်ပြီး ရုရှားဟာ သံတမန်လုပ်ရပ်အတွက် တုံ့ပြန်မယ်လို့လည်း သူက ပြောခဲ့ပါတယ်။

2 mins Ago
Up