ရုရှားရဲ့ ဒုံးကျည်စနစ်ကို ဒရုန်းယာဉ်နဲ့ ဖျက်ဆီးလိုက်ပုံကို ပြထားတဲ့ ရုပ်သံတခုကို ဖေဖော်ဝါရီ ၂၇ ရက်က ယူကရိန်းကာကွယ်ရေးဦးစီးချုပ် ဗလာရီဇာလုရှနီက လူမှုကွန်ရက်မီဒီယာပေါ်မှာ ဖြန့်ချိလိုက်ပါတယ်။
တူရကီနိုင်ငံလုပ် ဘေရက်ခ်တာ ဒရုန်းယာဉ်ကို သုံးပြီး ယူကရိန်းနိုင်ငံ မြောက်ပိုင်း ဆီတိုမြာဒေသ မာလင်မြို့ပတ်လည်က ရုရှားဒုံးကျည်စနစ်တွေကို ဖျက်ဆီးခဲ့တာလို့ ဖေ့စ်ဘွတ် လူမှုကွန်ရက်ပေါ်မှာ ဇာလုရှနီက ပြောပါတယ်။
ရုပ်သံတွေကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်တာတော့ မဟုတ်ပါဘူး။ တိုက်ပွဲစကတည်းက ယူကရိန်းနိုင်ငံထဲက ကလေး ၁၄ ယောက် အပါအဝင် အရပ်သား ၃၅၂ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၁၆၈၄ ယောက် သေဆုံးခဲ့ပြီးပါပြီ။
ယူကရိန်းနဲ့ ရုရှား စစ်သည် ဘယ်နှယောက် သေဆုံးဒဏ်ရာရလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။