close

ရုရှားနိုင်ငံသွားရောက်

close

July 12, 2022

မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် မော်စကိုရောက်

မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇူလိုင် ၁၂ ရက်က  ရုရှားနိုင်ငံ မော်စကိုမြို့မှာ ရောက်ရှိနေတယ်လို့ ရုရှားသတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာစစ်ခေါင်းဆောင်ဟာ ပုဂ္ဂလိက အစီအစဉ်နဲ့ ရုရှားကို ရောက်လာတာဖြစ်ပြီး ခရီးစဉ်အတွင်းမှာ ရုရှားအစိုးရပိုင်  အာကာသကော်ပိုရေးရှင်း   Roscosmos ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒီမီထရီရိုဂိုဇင်နဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့ မြန်မာစစ်ခေါင်းဆောင်ရဲ့ အကြီးတန်း အကြံပေးက ပြောတဲ့အကြောင်း RIA  ရုရှားသတင်းအေဂျင်စီမှာ ဖော်ပြပါတယ်။ 

မြန်မာစစ်ခေါင်းဆောင်ဟာ မော်စကိုမှာ  Rosatom  နျူကလီးယားအေဂျင်စီက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ ရှိသလို  Ethnomir ပြတိုက်မှာကျင်းပမယ့် မြန်မာ့ယဉ်ကျေးမှု စင်တာ ဖွင့်ပွဲကိုလည်း တက်ရောက်ဖို့ရှိတယ်လို့လည်း  ရုရှားသတင်းဌာနတခုက ရေးသားဖော်ပြပါတယ်။ 

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်  ဇွန်လ ကလည်း ရုရှားနိုင်ငံမှာ ကျင်းပတဲ့ (၉) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံကို တက်ရောက်ဖို့ မော်စကိုကို သွားရောက်ခဲ့ပါတယ်။

Photo Credit

4 mins Ago

June 22, 2020

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံသွားရောက် 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ  Victory Day of Great Patriotic War (၇၅) နှစ်မြောက် အထိမ်းအမှတ်စစ်ရေးပြ အခမ်းအနားကို တက်ရောက်ဖို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံကို ထွက်ခွာသွားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့  မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှား ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Sergei Kuzhugetovich Shoigu ရဲ့  ဖိတ်ကြားချက်အရ ဒီကနေ့ ဇွန်လ ၂၂ ရက်မနက်က လေကြောင်းခရီးနဲ့ နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာသွားတာလို့ သတင်းမှာဖော်ပြပါတယ်။ ဒါဟာ ကိုဗစ်-၁၉ ရောဂါကပ်ဘေးကာလအတွင်းမှာ နိုင်ငံအဆင့်မြင့်ခေါင်းဆောင် တစ်ဦးအနေနဲ့ ပထမဆုံး ပြည်ပကို သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။  ဓာတ်ပုံ-တပ်မတော်
2 years Ago
Up