နေတိုးအဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ရုရှားအပေါ် ပြင်းထန်တဲ့ကြေညာချက်နဲ့ စီးပွားရေး ပိတ်ဆို့မှုတို့ကြောင့် ရုရှားသမ္မတပူတင်က နျူကလီးယားလက်နက်တွေပါဝင်တဲ့ ရုရှားတပ်ဖွဲ့တွေကို အသင့်အနေအထားရှိဖို့ ဖေဖော်ဝါရီ ၂၇ ရက်က အမိန့်ထုတ်ခဲ့ပါတယ်။
ပူတင်က “အားလုံးမြင်တဲ့အတိုင်းပါပဲ။ အနောက်နိုင်ငံတွေက ကျနော်တို့ နိုင်ငံအပေါ် တရားမဝင်စီးပွားရေးပိတ်ဆို့မှုတွေ လုပ်လာတယ်။ ဒါအပြင် နေတိုးနိုင်ငံတွေက ပြင်းထန်တဲ့ စစ်ရေးကြေညာချက်တွေ ထုတ်နေတယ်။ ဒါကြောင့် ကာကွယ်ရေးဝန်ကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်ကို နျူကလီးယားတပ်ဖွဲ့တွေ အသင့်ထားရှိဖို့ အမိန့်ပေးထားတယ်” လို့ နိုင်ငံပိုင်ရုပ်သံကနေ ပြောပါတယ်။