close

ရုရှားနှင့် ယူကရိန်း

close

December 4, 2022

ရုရှားနှင့် ယူကရိန်း ကောက်ပဲသီးနှံပုံမှန်ပြန်တင်ပို့လာနိုင်သဖြင့် စျေးနှုန်း ကျဟု FAO ပြော

ရုရှားနဲ့ ယူကရိန်းတို့ရဲ့ ကောက်ပဲသီးနှံတင်ပို့မှုပုံမှန်ပြန်ဖြစ်လာလို့ နိုဝင်ဘာလမှာ ကောက်ပဲသီးနှံနဲ့ သစ်သီးဝလံတို့ရဲ့ ကမ္ဘာ့စျေးနှုန်းတွေ နည်းနည်း ကျဆင်းခဲ့တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)က  ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

စားနပ်ရိက္ခာစျေးနှုန်းညွှန်းကိန်းဟာ အစောပိုင်းလကထက်  ၁ ဒသမ ၇ မှတ် (၁.၂ ရာခိုင်နှုန်း) ကျဆင်းခဲ့ပြီး နိုဝင်ဘာလမှာ ပျမ်းမျှ ၁၃၅ ဒသုမ ၇ မှတ်ထိ ရောက်သွားတယ်လို့  FAO က ဆိုပါတယ်။

အောက်တိုဘာလနဲ့ နှိုင်းယှဉ်ရင် စံချိန်တင်အမြင့်ဆုံးနဲ့ နီးနေသေးပြီး တစ်နှစ်ထက်တစ်နှစ် ၀ ဒသမ ၃  ရာခိုင်နှုန်း တက်လာခဲ့တာပါ။ ဂျုံအပါအဝင် ကောက်နှံတွေအတွက် FAO ရဲ့ အညွှန်းကိန်းခွဲဟာ ၁ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ စားအုန်းဆီနဲ့ ပဲပိစပ်ဆီဝယ်လိုအား ပုံမှန်မဟုတ်ဘဲ မြင့်နေလို့ ဟင်းသီးဟင်းရွက်ဆီဈေးက ၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

သကြားဈေးက ခြောက်လ ဆက်တိုက် ကျဆင်းပြီး နောက် ၅ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ အိန္ဒိယမှာ ပို့ကုန်ခွဲတမ်း နည်းပါးတာအပြင် ဘရာဇီးကနေ ရရှိမှု နည်းပါးတာ ဟာ သကြားခွဲတမ်း ပြောင်းပြန်လန်ရတဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်ပါတယ်။

နို့ထွက်ပစ္စည်း စျေးနှုန်းတွေက နိုဝင်ဘာလမှာ ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပေမယ့် မနှစ်ကထက် ၉ ဒသမ ၂ ရာခိုင်နှုန်း မြင့်မားနေဆဲပါ။ ထောက်ပံ့ရေးလမ်းကြောင်းတလျှောက်က စိန်ခေါ်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ်ဝက် အတွင်း စျေးနှုံး မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာလမှာ အသားဈေး ၀ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ FAO က ပြောပေမဲ့ မနှစ်ကထက် ၄ ဒသမ ၁ ရာခိုင်နှုန်း ပိုမြင့်နေပါသေးတယ်။ ဥရောပ ဆိပ်ကမ်းတွေကနေတဆင့် ရုရှားက အစားအသောက်နဲ့ ဓာတ်မြေသြဇာတွေကို အာဖရိကဆီ ပို့ဆောင်ရာမှာ အခြေအနေ ပိုတည်ငြိမ်လာတာ မြင်ရလို့ အားတက်ဖို့ ကောင်းတယ်လို့ FAO ရဲ့ စီးပွားရေး ပညာရှင်ချုပ် မက်ဆီမို တိုရေရိုက ပြောပါတယ်။

ဒါပေမဲ့ စိုက်ပျိုးရေးသွင်းအားစုတွေ အထူးသဖြင့် ဓာတ်မြေသြဇာ ကုန်ကျစရိတ်တွေနဲ့  စားသောက်ကုန် ဈေးနှုန်းတွေ မြင့်တက်မှုနဲ့ သက်ရောက်မှုကို ကန့်သတ်ရေး ဆောင်ရွက်ဖို့ လိုနေသေးတယ်လို့လည်း သူက ပြောပါတယ်။

“အစားအသောက် တင်သွင်းမှု ဥပဒေကြမ်းတင်မကဘဲ သွင်းကုန် ဥပဒေကြမ်းပါ နိုင်ငံတွေကို ထောက်ပံ့ဖို့ ယန္တရားတွေ ရှာရဦးမယ်။ စျေးနှုန်းတွေကိုကျနော်တို့ စောင့်ကြည့်နေပါတယ်”လို့ တိုရေရိုက ပြောပါတယ်။

FAO ရဲ့ စားနပ်ရိက္ခာစျေးနှုန်းညွှန်းကိန်းဟာ အခြေခံနှစ်နဲ့ နှိုင်းယှဉ်ရင် မတူညီတဲ့ ထုတ်ကုန် ၇၃ မျိုးအတွက် စျေးနှုန်းတွေ အကျုံးဝင်တဲ့ စားသောက်ကုန် ကဏ္ဍ ၂၃ မျိုးအတွက် ကမ္ဘာတဝန်းက စျေးနှုန်းတွေကို အခြေခံထားပါတယ်။

5 mins Ago

July 30, 2022

အကျဉ်းထောင်တိုက်ခိုက်ခံရပြီး သုံ့ပန်းများသေဆုံးမှု ရုရှားနှင့် ယူကရိန်း အပြန်အလှန်စွပ်စွဲ

ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ ဒွန်းနက်စ်ခ်နယ်မြေရှိ အကျဉ်းထောင်တစ်ခုမှာ အကျဉ်းသား ဒါဇင်ပေါင်းများစွာ သေဆုံးမှုဟာ ရုရှားအစိုးရပံ့ပိုးကူညီတဲ့ အကြမ်းဖက်ဝါဒ ဆိုတာကို ရှင်းရှင်းလင်းလင်း ပြလိုက်တာပဲလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီးက ဇူလိုင် ၂၉ ရက်က ပြောပါတယ်။

ဒုံးကျည်တိုက်ခိုက်မှု ဒါမှမဟုတ် ပေါက်ကွဲမှုကြောင့် အကျဉ်းထောင် အဆောက်အအုံ ပျက်စီးသွားခဲ့ရာမှာ ယူကရိန်း စစ်သုံ့ပန်း ဒါဇင်ပေါင်းများစွာသေဆုံးခဲ့တဲ့ ဒီဖြစ်ရပ်ကို မော်စကိုနဲ့ ကိယက်ဗ်တို့က တဖက်နဲ့တဖက် တာဝန်ရှိတယ်လို့ အပြန်အလှန်စွပ်စွဲနေကြတာပါ။

မော်စကို-ကျောထောက်နောက်ခံပြု  ခွဲထွက်ရေးသူပုန်တွေ ထိန်းချုပ်ထားတဲ့ ရှေ့တန်းမြို့ အိုလီနိဗ်ကာရှိ အကျဉ်းထောင်မှာ အကျဉ်းသား ၄၀ သေဆုံးပြီး ၇၅ ဦး ဒဏ်ရာရခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ 

ခွဲထွက်ရေးသမားတွေရဲ့ ပြောရေးဆိုခွင့်ရှိသူက သေဆုံးသူ ၅၃ ဦးရှိပြီး ကိယက်ဗ်က အကျဉ်းထောင်ကို အမေရိကန်လုပ် HIMARS ဒုံးကျည်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။ 

ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း သူတို့မှာ တာဝန်မရှိကြောင်း ငြင်းဆိုထားပြီး ရုရှားဟာ အကျဉ်းသားတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှုကို ဖုံးကွယ်ဖို့အတွက် ရုရှားအမြောက်တပ်က အကျဉ်းထောင်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ 

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က လူအသေအပျောက်များတဲ့ တိုက်ခိုက်မှု ဖြစ်ပွားရာနေရာကို ဝင်ရောက်ဖို့ ကြိုးပမ်းနေပြီး ဒဏ်ရာရသူတွေကို ကယ်ဆယ်ဖို့ ကမ်းလှမ်းထားကြောင်း  ပြောကြားခဲ့ပါတယ်။

ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲဂျိုးစက်ဘော်ရဲယ်ကလည်း ရုရှားစစ်တပ်နဲ့ ယူကရိန်းရှိ သူတို့ကိုယ်စားလှယ်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရှုတ်ချခဲ့ပါတယ်။ 

4 months Ago
Up