close

ရုရှားပစ်ခတ်မှု

close

December 12, 2022

ရုရှားပစ်ခတ်မှုကြောင့် ယူကရိန်းရှိ စွမ်းအင်စက်ရုံထိမှန်ပြီး လူ ၁ သန်းခွဲ လျှပ်စစ် မီးမရ

ရုရှားက အီရန်လုပ် ဒရုန်းတွေ သုံးပြီး ပစ်ခတ်လို့ ယူကရိန်းနိုင်ငံ ဩဒက်ဆာဆိပ်ကမ်းက စွမ်းအင်သုံး စက်ရုံ နှစ်ခုကို ထိမှန်ခဲ့ပြီးတဲ့နောက် အရေးပါတဲ့ အခြေခံအဆောက်အအုံ အားလုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့တဲ့အတွက် လူ ၁ သန်းခွဲလောက် လျှပ်စစ်မီးမရှိဘဲ နေ နေရတယ်လို့ တာဝန်ရှိသူတွေက ဒီဇင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။

အောက်တိုဘာလကတည်းက ရုရှားအစိုးရဟာ ယူကရိန်းရဲ့  စွမ်းအင်အခြေခံ အဆောက်အအုံ တွေကို ပစ်မှတ်ထားပြီး ဒုံးကျည်လှိုင်းလုံးတွေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ 

မြို့တော်ရဲ့ လူဦးရေအတွက် လျှပ်စစ်ဓာတ်အား ပြန်ရမှာ ဖြစ်ပြီး ကွန်ရက်တွေ အပြီးသတ် ပြန်လည်ထူထောင်ရေးအတွက် နှစ်လကနေ သုံးလအထိ ကြာနိုင်ပါတယ်။

လူ ၁ သန်းကျော် ရှိတဲ့ ဩဒက်ဆာရဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဆာဟီးလ် ဘရတ်ချော့ခ်က ပြောပါတယ်။

ရုရှားဟာ ယူကရိန်းနိုင်ငံအတွင်း ပစ်မှတ်တွေကို အီရန်လုပ် ရှဟိဒ်-၁၃၆ ဒရုန်း ရာနဲ့ချီ လွှတ်တင် တိုက်ခိုက်ခဲ့လို့ အရပ်သားတွေရဲ့ အသက်ကို ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တဲ့အတွက် စစ်ရာဇ၀တ်မှု အဖြစ် သတ်မှတ်တယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။ 

ရုရှားအစိုးရကတော့ သူ့ရဲ့တိုက်ခိုက်မှုတွေဟာ စစ်ရေးအရ တရားဝင်ဖြစ်ပြီး အရပ်သားတွေကို ပစ်မှတ်မထားဘူးလို့ ပြောခဲ့ပါတယ်။

ဩဒက်ဆာနဲ့ မိုင်ကိုလေ့ဗ် တောင်ပိုင်းဒေသတွေက ပစ်မှတ်တွေကို မောင်းသူမဲ့လေယာဉ် ၁၅ စင်း က ပစ်ခတ်ခဲ့ပြီး သူတို့ထဲက ၁၀ စင်း ပစ်ချခံခဲ့ရတယ်လို့ ယူကရိန်းစစ်တပ်က ပြောထား ပါတယ်။

ရုရှားဆီ ဒရုန်းတွေ ထောက်ပံ့ပေးမှုကို အီရန်အစိုးရက ငြင်းဆိုထားပါတယ်။ ပဲ့ထိန်းဒုံးကျည်များ ပေးပို့နိုင်မှု အပါအဝင် လာမယ့်လတွေအတွင်း ရုရှားအတွက် အီရန်ရဲ့ စစ်ရေးပံ့ပိုးမှု တိုးလာစရာ ရှိတယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက်မှာ  ပြောပါတယ်။

5 mins Ago

May 31, 2022

ရုရှားပစ်ခတ်မှုကြောင့် ခါကိဗ်မြို့ အရပ်သားအများအပြားဒဏ်ရာရပြီး နေအိမ်များ မီးလောင်

ယူကရိန်းနိုင်ငံ ခါကိဗ်မြို့ မြောက်ဘက် ဆင်ခြေဖုံးမှာ မေ ၃၀ ရက်နေ့က ရုရှားတပ် ပစ်လိုက်တဲ့ အမြောက်ဆန်တွေ ကျရောက်ပေါက်ကွဲလို့ အရပ်သားအများအပြား ဒဏ်ရာရရှိပြီး နေအိမ် အတော်များများ မီးလောင်ခဲ့တယ်လို့ ခါကိဗ်ဒေသ ကယ်ဆယ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ယူကရိန်း သမ္မတ ဇလန်းစကီးက ခါကိဗ်မြို့ဆီ သွားရောက်ကြည့်ရှုအပြီး နောက်တရက်မှာ ရုရှားဘက်က အခုလို တိုက်ခိုက်လိုက်တာပါ။ 

ခါကိဗ်မြို့ဟာ ယူကရိန်းမှာ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ရုရှားတပ်တွေက သိမ်းဖို့ ကြိုးစားခဲ့ပေမဲ့ ယူကရိန်းတပ်တွေက ရွပ်ရွပ်ချွံချွံပြန်ခုခံလို့ ဒီလအစောပိုင်းမှာ ရုရှားတပ်တွေ နောက်ဆုတ်ခဲ့ ရပါတယ်။  ဒါပေမဲ့ ခါကိဗ်မြို့ဟာ ရုရှားတပ်က အမြောက်နဲ့ လှမ်းပစ်တဲ့ ဒဏ်ကိုတော့ ဆက်ပြီးခံနေ ရပါတယ်။ 

7 months Ago
Up