close

ရုရှားမစ်ဇိုင်းဒုံး

close

April 24, 2022

ရုရှားမစ်ဇိုင်းဒုံးထိမှန်ပြီး အိုဒါဆာမြို့ခံ ၅ ဦး သေဆုံး၊ ၁၈ ဦး ဒဏ်ရာရ

ယူကရိန်းနိုင်ငံတောင်ပိုင်း အိုဒါဆာမြို့မှာ ရုရှားမစ်ဇိုင်းဒုံးကျည် ထိမှန်ပြီး လူ ၅ ယောက် သေဆုံးကာ ၁၈ ယောက် ဒဏ်ရာရသွားတယ်လို့ သမ္မတရုံးပြောခွင့်ရသူ အန်ဒရေး ယာ့မက်ခ်က ပြောပါတယ်။ 

ယူကရိန်းတောင်ပိုင်း လေတပ်စခန်းကလည်း မစ်ဇိုင်း ဒုံးကျည် ၂ ကြိမ် တိုက်ခိုက်ခံရပြီး လူနေအိမ် ၂ လုံး ထိခိုက်ပျက်စီးသွားတယ်လို့ ပြောပါတယ်။ 

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒမီထရိုကူလီဗာကလည်း အိုဒါဆာမြို့ပေါ် မစ်ဇိုင်းဒုံးကျည် ၂ လုံး ကျရောက်တယ်လို့ တွစ်တာမှာ ရေးသားထားပါတယ်။ 

ရုရှားဘက်ကတော့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ 

1 hour Ago
Up