close

ရုရှားမရိမ်းတပ်

close

March 23, 2022

ယူကရိန်း ကျူးကျော်စစ်အတွင်း ကျဆုံးသည့် ရုရှားစစ်ဦးစီးမှူး ၁၅ ဦးအထိရှိလာ

ယူကရိန်းအပေါ် ရုရှားရဲ့ကျူးကျော်စစ်ပွဲစတင်ခဲ့တဲ့ ၂၈ ရက်အတွင်း ရုရှား ထိပ်တန်း စစ်ဦးစီးမှူးတွေ ကျဆုံးတာ ၁၅ ယောက်အထိရှိလာပြီဖြစ်ပါတယ်။
ရုရှားမရိမ်းတပ်ရဲ့ ဇူခို့ဗ် တပ်မဟာက စစ်ဦးစီးမှူး ဗိုလ်မှူးကြီး အလက်ဇီ ရှာရို့ဗ်ဟာ ယူကရိန်းတောင်ပိုင်း မာရိုင်ပူမြို့မှာ သေဆုံးကြောင်း ယူကရိန်းစစ်တပ်က လူမှုကွန်ရက် မီဒီယာပေါ်မှာ မတ် ၂၂ ရက်နေ့က ကြေညာခဲ့တာပါ။
ဗိုလ်မှူးကြီး အလက်ဇီ ရှာရို့ဗ် ကျဆုံးမှုဟာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ရုရှားရဲ့ စစ်ဘက်အကြီးပိုင်း အရာရှိတွေကြား အကြီးမားဆုံး ဆုံးရှုံးမှုလို့ မီဒီယာတွေက အစီရင်ခံပါတယ်။
မတ်လ ၁၉ ရက် ညသန်းခေါင်ထိ ယူကရိန်းမှာ အရပ်သား ၉၀၂ ယောက်ထက်မနည်း အသတ်ခံရပြီး ၁,၄၅၉ ယောက် ဒဏ်ရာရထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောပါတယ်။
မာရိုင်ပူမြို့တွင်း လူနေအဆောက်အဦတွေနဲ့ စက်ရုံတွေ ပျက်စီးနေပုံကို ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ပုံတွေကို မက်ဇာနည်းပညာ ကုမ္ပဏီက မတ်လ ၂၂ ရက်မှာ ဖြန့်ချိပါတယ်။
အက်ဇော့ဗ် ပင်လယ်ကမ်းခြေမှာရှိတဲ့ ဆိပ်ကမ်းမြို့ မာရိုင်ပူကို သိမ်းနိုင်ရင် ရုရှားဟာ သူ့ကိုလိုလားတဲ့ ခွဲထွက်ရေးသမားတွေ တပ်စွဲထားရာ ယူကရိန်းအရှေ့ပိုင်းကို ခရိုင်းမီးယားကျွန်းဆွယ်နဲ့ ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။
ခရိုင်းမီးယားကျွန်းဆွယ်ကိုတော့ ရုရှားက ၂၀၁၄ ခုနှစ်မှာ ယူကရိန်းဆီကနေ သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

5 mins Ago
Up