close

ရုရှားရွေးကောက်ပွဲ

close

September 19, 2021

ရုရှားရွေးကောက်ပွဲတွင် ဆိုက်ဘာဖောက်ထွင်းမှု ထပ်ဖြစ်

ရုရှားလွှတ်တော်ရွေးကောက်ပွဲဒုတိယနေ့မှာ နောက်ထပ် ဆိုင်ဘာဖောက်ထွင်း တိုက်ခိုက်တာတွေ ရှိခဲ့တာကြောင့် ပြန်တိုက်ခိုက်သွားဖို့ ကတိပြုတယ်လို့ ရုရှားရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ  အယ်လာ ပမ်ဖီလိုဗာက စက်တင်ဘာ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။

စနေနေ့အစည်းအဝေးမတိုင်ခင် နာရီဝက်အလိုမှာ ဆိုင်ဘာ တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ ရုရှားဗဟိုရွေးကောက်ပွဲကော်မရှင်ရဲ့ ပြည်ထောင်စု သတင်းအချက်အလက်ဌာန အကြီးအကဲ အလက်ဇန်းဒါး ဆပ်ကိုချုခ်က ပြောပါတယ်။

စက်တင်ဘာ ၁၇ ရက်က ဗဟိုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဝက်ဘ်ဆိုဒ်ကို ပစ်မှတ်ထားပြီး သုံးကြိမ်တိတိ ဆိုင်ဘာ ဖောက်ထွင်း တိုက်ခိုက်တာ ခံခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါပေမယ့် တိုက်ခိုက်မှု နောက်ကွယ်က နိုင်ငံတွေရဲ့ နာမည်ကို မဖော်ထုတ်ခဲ့ပါဘူး။

အဲဒီနေ့က ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂီလ် လာ့ဗ်ရော့ဗ်နဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ အယ်လ်ပမ်ဖီလိုဗာတို့ ၂ ယောက်စလုံး မဲပေးခဲ့ကြပါတယ်။

ရုရှားဟာ စက်တင်ဘာ ၁၇ ရက်ကနေ ၁၉ ရက်ထိ သုံးရက်ကြာ လွှတ်တော် ရွေးကောက်ပွဲကို ကျင်းပနေတာပါ။

ဒါဟာ ပစိဖိတ်သမုဒ္ဒရာကနေ ဘောလ်တစ်ပင်လယ်ထိ အချိန်ဇုန် ၁၁ ဇုန်ရှိတဲ့ ရုရှား နိုင်ငံတလွှားမှာ သမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ သြဇာခြေကုပ် ဘယ်လောက်ကျန်လဲဆိုတာ စမ်းသပ်ပွဲလည်း ဖြစ်ပါတယ်။

ရုရှားအစိုးရဟာ အနောက်နိုင်ငံတွေနဲ့ ဆိုးရွားတဲ့ ဆက်ဆံရေးရှိတဲ့အပြင် ပြည်တွင်းမှာ လည်း လူနေမှုအဆင့် နိမ့်ကျနေလို့ မကျေမနပ် စိတ်ဓာတ်ကျတာတွေကို ရင်ဆိုင်နေရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

9 hours Ago

September 18, 2021

ရုရှားရွေးကောက်ပွဲ သမ္မတပူတင် အွန်လိုင်းဖြင့် မဲပေး

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ သုံးရက်တာကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲမှာ စက်တင်ဘာ ၁၇ ရက်က အွန်လိုင်းစနစ်ကနေတဆင့် မဲပေးခဲ့ပါတယ်။ 

ရွေးကောက်ပွဲကို ကိုဗစ်ကာလ စည်းမျဉ်းတွေနဲ့အညီ ဒေသတချို့မှာ အီလက်ထရောနစ်ပုံစံ အွန်လိုင်းမဲပေးစနစ်နဲ့ ကျင်းပတာ ဖြစ်ပါတယ်။ 

မဲပေးပြီးနောက် ပူတင်က မိန့်ခွန်းပြောကြားရာမှာ ပြည်သူတွေရဲ့ တက်ကြွတဲ့ ရပ်တည်မှုကို ယုံကြည်မှုရှိပြီး ကိုယ်ကြိုက်တာ ရွေးချယ်လို့ ပြောသွားပါတယ်။ 

၂၀၂၁ ခုနှစ် ရွေးကောက်ပွဲတွေမှာ လာမယ့်ငါးနှစ်အတွက် ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော်အသစ်ကို ဖွဲ့စည်းမှာဖြစ်ပါတယ်။ 

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၂၅ နေရာရဲ့ ထက်ဝက်လောက်ကို ပါတီစာရင်းတွေအရ ရွေးကောက်တင်မြှောက်ပြီး ကျန်တဝက်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မဲဆန္ဒနယ်တွေကနေ ရွေးကောက်တင်မြှောက်မှာ ဖြစ်ပါတယ်။ 

2 days Ago
Up