close

ရုရှားလုံခြုံရေးကောင်စီ

close

January 29, 2022

သမ္မတပူတင်နှင့် ရုရှားလုံခြုံရေးကောင်စီတို့ နိုင်ငံခြားရေးမူဝါသစ်ကိစ္စ ဆွေးနွေး

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်ဆင်တင်ပြတဲ့ ရုရှားနိုင်ငံခြားရေးမူဝါဒ အယူအဆသစ် အကြောင်းကို သမ္မတဗလာဒီမာပူတင်က ရုရှားလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ ဇန်နဝါရီ ၂၈ ရက်က ဆွေးနွေးခဲ့ပါတယ်။ 

ပူတင်က “ရုရှားနိုင်ငံခြားရေးဌာနဟာ ရုရှားနိုင်ငံခြားရေးမူဝါဒ အယူအဆအသစ်ကို ပြင်ဆင်ခဲ့တယ်။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာ့အပြောင်းအလဲတွေအားလုံး ထည့်သွင်းစဉ်းစားပြီး ရုရှားနိုင်ငံခြားရေး မဟာဗျူဟာ စီမံကိန်းအသစ်ကို ချမှတ်ဖို့ပါ” လို့ ပြောပါတယ်။ 

သောကြာနေ့ ညနေပိုင်းမှာ ပူတင်က ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ အွန်လိုင်းကနေ စကားပြောပြီး အမေရိကန်နဲ့ နေတိုးအဖွဲ့က ရုရှားရဲ့ လုံခြုံရေး တောင်းဆိုချက်တွေကို ဖြေရှင်းမပေးဘူးလို့လည်း ပြောခဲ့ပါတယ်။ 

ပူတင်က ဆိုဗီယက်ယူနီယံဟောင်းနိုင်ငံဖြစ်တဲ့ ယူကရိန်းရဲ့ ဘေးပတ်ပတ်လည်မှာ တပ်တွေ ဖြန့်ချထားပြီး ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် လုံးဝ အသိအမှတ်မပြုဖို့ အနောက်အုပ်စုကို သတိပေးတောင်းဆိုနေတာပါ။ 

သူက ယူကရိန်းပြဿနာကို ဆွေးနွေးမလား၊ ထိပ်တိုက်ရင်ဆိုင်မလား အနောက်အုပ်စုကို တင်းတင်းမာမာ စိန်ခေါ်နေတာပါ။

3 mins Ago
Up