close

ရုရှားသုတေသီ

close

April 14, 2022

ဂျာမနီတွင် ရုရှားသုတေသီ ၁ ဦး သူလျှိုလုပ်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံရ

ဥရောပရဲ့ အာရီယာနာ အာကာသလွှတ်တင်ရေး စီမံကိန်းကို သူလျှိုထောက်လှမ်းမှုနဲ့ ရုရှားသုတေသီ တယောက်ကို ဂျာမန်တရားရုံးက ဧပြီ ၁၃ ရက်မှာ ဆိုင်းငံ့ထောင်ဒဏ် တနှစ် ပြစ်ဒဏ်စီရင်လိုက်ပါတယ်။

ရုရှားသူတေသီ အီနူရ်အန်ဟာ သုတေသန စီမံကိန်းတွေရဲ့ သတင်းအချက်အလက်တွေကို ရုရှား နိုင်ငံခြားထောက်လှမ်းရေးဌာန (SVR) က သက်ဆိုင်သူဆီ ၂၀၁၉ ကနေ ၂၀၂၁ ခုနှစ်ကြားမှာ လွှဲပေးခဲ့တယ်လို့ တရားရုံး စီရင်ချက်က ဆိုပါတယ်။

ဒီစီရင်ချက်ဟာ အနောက်နိုင်ငံတွေမှာ ရုရှားထောက်လှမ်းရေးရဲ့ လှုပ်ရှားမှုတွေကို မီးမောင်းထိုးပြခဲ့တာပါ။

SVR က သက်ဆိုင်သူဟာ ရုရှားဘဏ်အတွက် အလုပ်လုပ်နေသူဖြစ်ပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုအတွက် သတင်းအချက်အလက် လိုနေသူအဖြစ် ဟန်ဆောင်ထားခဲ့တယ်လို့ မြူးနစ်တရားရုံးက ပြောပါတယ်။

အန်ဟာ အာကာသ သုတေသနဌာန ဖြစ်တဲ့ အော့စ်ဘာ့ဂျ်တက္ကသိုလ်မှာ တွဲဖက် သုတေသီအဖြစ် အလုပ်လုပ်နေတာပါ။ ဒီတက္ကသိုလ်ဟာ အာရီယာနာ ၆ လွှတ်တင်ရေးယာဉ် မျိုးဆက်သစ်အတွက် အကြီးစားထုတ်လုပ်ရေး အစိတ်အပိုင်းတွေ တည်ရှိရာ နေရာလည်း ဖြစ်ပါတယ်။

အာရီယာနာအုပ်စုကို အဲဘတ်စ်လုပ်ငန်းစုနဲ့ ပြင်သစ်နိုင်ငံက ဆာဖရန် SAF.PA အုပ်စုတို့က ပူးတွဲပိုင်ဆိုင်ပြီး အမြန် တိုးတက်လာနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ဂြိုဟ်တုလွှတ်တင်ရေး ဈေးကွက်ထဲမှာ အကောင်းဆုံး တည်ဆောက်ထားတဲ့ လုပ်ငန်းတွေထဲက တခုဖြစ်ပါတယ်။

သူ့ရဲ့ပြိုင်ဘက်တွေက ရုရှားရဲ့ ရော့စ်ကော့မော့စ်၊ ပုဂ္ဂလိက ကဏ္ဍက ဂျက်ဖ်ဘေဇို့စ်ရဲ့ ဘလူးအော်ရဂျင်နဲ့ အီလွန်မာ့စ်ခ်ရဲ့ စပေ့စ်အိက်စ်တို့ ဖြစ်ပါတယ်။

ရုရှားက ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်မှာ အထူးစစ်ဆင်ရေးနဲ့ ကျူးကျော် တိုက်ခိုက်ခဲ့လို့ ရုရှားအပေါ် အနောက်နိုင်ငံတွေက ဒဏ်ခတ်ထားပါတယ်။

1 min Ago
Up