close

ရုရှားအမြောက်ကျည်

close

April 18, 2022

ရုရှားအမြောက်ကျည်ထိမှန်ပြီး ကာကိဗ်မြို့ခံ အရပ်သား ၅ ဦး သေဆုံး

ယူကရိန်းနိုင်ငံရဲ့ ဒုတိယမြို့တော် ကာကိဗ်မြို့မှာ ရုရှားဘက်က ပစ်ခတ်လိုက်တဲ့ အမြောက်ကျည်ဆန်ထိမှန်ပြီး အရပ်သား ၅ ယောက် သေဆုံး၊ ၁၃ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

အမြောက်ဆန်ထိမှန်လို့ အဆောက်အအုံတွေ ပျက်စီးနေတာကိုလည်း ရိုက်တာသတင်းဌာနက ရိုက်ကူးထားပါတယ်။ 

ရုရှားတပ်တွေဟာ ယူကရိန်းမြောက်ပိုင်းက ခုခံစစ်ကို မထိုးဖောက်တဲ့နောက်မှာ ဒွန်းဘက် ဒေသမှာ ခြေလျင်တပ်တွေကို သုံးပြီး ပြန်တိုက်နေတာပါ။ 

တချိန်တည်းမှာ ယူကရိန်းမြို့တော် ကီးယက်ဗ်၊ ဒုတိယမြို့တော် ကာကိဗ်မြို့တွေကိုလည်း အဝေးကနေ အမြောက်တွေနဲ့ လှမ်းပစ်နေတာပါ။ 

တလခွဲကြာတဲ့ ဒီစစ်ပွဲအတွင်း ယူကရိန်းပြည်သူ ၄ သန်းဟာ နိုင်ငံကနေ ထွက်ခွာခဲ့ရပြီး မြို့တွေလည်း ပျက်စီးကာ၊ လူထောင်ချီ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ 

2 mins Ago
Up