close

ရုရှားအာကာသယာဉ်မှူး

close

March 20, 2022

ယူကရိန်းကို ထောက်ခံသည့်ဝတ်စုံ ဝတ်ပြမှုကို ရုရှားအာကာသယာဉ်မှူးများ ငြင်းဆို

နိုင်ငံတကာအာကာသစခန်း (ISS) ကို မတ် ၁၈ ရက်က ရောက်ရှိသွားတဲ့ ရုရှားအာကာသယာဉ်မှူးတွေက ယူကရိန်းကို ထောက်ခံတဲ့အနေနဲ့ အပြာရောင်အနားကွပ်ပါတဲ့ အဝါရောင်ဝတ်စုံတွေ ရွေးချယ်ဝတ်ဆင်ထားတယ်လို့ အနောက်မီဒီယာတွေမှာ ဖော်ပြနေမှုကို ရုရှားအာကာသအေဂျင်စီ ရိုစ်ကော့စ်မော့စ် (Roscosmos) က ငြင်းဆိုလိုက်ပါတယ်။

သမ္မတပူတင်ကို ကြောက်ရတဲ့ အာကာသအေဂျင်စီက “အဝါက အဝါပါပဲ၊ တခါတလေ အဝါရောင်ဝတ်စုံကို ရွေးမိတာပါ၊ ယူကရိန်းနဲ့မဆိုင်ပါဘူး” လို့ ပြာပြာသလဲ တယ်လီဂရမ် ချန်နယ်ကနေ ဖြေရှင်းပါတယ်။ 

အာကာသယာဉ်မှူး ၃ ဦးက Bauman Moscow State Technical University က ဘွဲ့ရခဲ့တဲ့သူတွေမို့ အဲဒီတက္ကသိုလ်ရဲ့ သင်္ကေတ အဝါရောင်နဲ့အပြာတွေ ဝတ်ထားတာလို့လည်း ပြောပါတယ်။ 

ပြီးခဲ့တဲ့ သောကြာနေ့က ISS အာကာသစခန်းကနေ အာကာသယာဉ်မှူးတွေ သတင်းစာ ရှင်းလင်းရာမှာလည်း ဝါရင့်ယာဉ်မှူး  Oleg Artemyev က “ကျနော်တို့ ကြိုက်တဲ့ဝတ်စုံ ကျနော်တို့ ဝတ်တာပါ၊ အခုက အဝါကိုဝတ်ဖို့ အလှည့်ကျလာလို့ပါ၊ တခြားကိစ္စတွေနဲ့ မဆိုင်ပါဘူး” လို့ ဖြေရှင်းပါတယ်။

ရုရှားအာကာသအေဂျင်စီက အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုတွေဟာ နိုင်ငံတကာအာကာသစခန်း (ISS) မှာ နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်နေမှုကို ပျက်စီးစေပြီး ကမ္ဘာပတ်လမ်းထဲက အာကာသယာဉ် ပြုတ်ကျသွားမယ်လို့ ခြိမ်းခြောက်ပါတယ်။ 

အမေရိကန် NASA အာကသအေဂျင်စီက ပထဝီမြေပြင်ပေါ်က ပဋိပက္ခတွေကို အာကာသထဲ သယ်မသွားနဲ့လို့ တုံ့ပြန်ခဲ့ပါတယ်။

12 hours Ago

January 20, 2022

ရုရှားအာကာသယာဉ်မှူး နှစ်ဦး အာကာသစခန်းအပြင်ဘက်၌ ၇ နာရီခန့် လမ်းလျှောက်

ရုရှားအာကာသယာဉ်မှူး နှစ်ဦးဟာ နိုင်ငံတကာအာကာသစခန်း (ISS) ရဲ့အပြင်မှာ ဇန်နဝါရီ ၁၉ ရက်က အာကာသလမ်းလျှောက်ခဲ့ပြီး အနာဂတ်လုပ်ငန်းတွေအတွက် ‘နော်ကာ’ အာကာသ စခန်းငယ် (Nauka Multipurpose Laboratory Module) မှာ စမ်းသပ်မှုတွေ လုပ်ခဲ့ပါတယ်။  

အာကာသယာဉ်မှူး ‘အန်တွန် ရှာကပလော့ဗ်’ နဲ့ အင်ဂျင်နီယာ ‘ပြွတ်တာ ဒူဘရောဗ်’ တို့က ISS အာကာသစခန်းအပြင်ဘက် အာကာသထဲမှာ ၇ နာရီလောက်နေခဲ့ပြီး ဒီနှစ်ထဲ နောက်ထပ်ရောက်လာမယ့် အာကာသယာဉ်တွေအတွက် လက်ကိုင်တန်း၊ ကေဘယ်လ်ကြိုး၊ အန်တာနာတွေ တပ်ဆင်ပေးခဲ့ပါတယ်။

2 months Ago
Up