close

ရုရှား အားပေးမှု

close

March 4, 2022

ရုရှားကို အားပေးမှုကြောင့် ဘီလာရုဇ်ဘောလုံးအသင်းများအား အိမ်ကွင်းကစားခွင့် ပိတ်ပင်

ရုရှားနိုင်ငံကို ထောက်ခံအားပေးတဲ့အပေါ် အရေးယူမှုတခုအနေနဲ့ ဘီလာရုဇ်ဘောလုံးအသင်းတွေကို အိမ်ကွင်းကစားခွင့်ပိတ်ပင်ဖို့ ဥရောပဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။ 

ဘီလာရုဇ်သမ္မတ လူကာရှင်ကိုဟာ မော်ဒိုဗာနိုင်ငံအား ကျူးကျော်ဖို့ ရုရှားသမ္မတပူတင်ကို တိုက် တွန်းခဲ့သလို ယူကရိန်းအရေးမှာလည်း ရုရှားဘက်က အားပေးကူညီနေတာပါ။ 

ဒီအခြေအနေကြောင့် ဘီလာရုဇ် လက်ရွေးစင်ဘောလုံးအသင်းနဲ့ ကလပ်အသင်းတွေကို အိမ်ကွင်းကစားခွင့်ပိတ်ပင်ခဲ့ပြီး ကြားကွင်းတွေမှာ သွားရောက်ယှဉ်ပြိုင်ဖို့ ယူအီးအက်ဖ်အေက ပြစ်ဒဏ်ချခဲ့ပါတယ်။ 

အလားတူ ဘီလာရုဇ်ပရိသတ်တွေကိုလည်း ကွင်းထဲ ဝင်ရောက်ကြည့်ရှုခွင့်ပိတ်ပင်ခဲ့ပါတယ်။ ဘီလာရုဇ်အသင်းအနေနဲ့ အိမ်ကွင်းပွဲစဉ်အဖြစ် ဘယ်နိုင်ငံကို ရွေးချယ်မလဲဆိုတာ မသိရှိရသေးပါဘူး။ 

ယူအီးအက်ဖ်အေဟာ ရုရှားနိုင်ငံကို အရေးယူတဲ့အနေနဲ့ ရုရှားဘောလုံးအသင်း အပါအဝင် တခြားအားကစားအားလုံးကို ပြိုင်ပွဲအသီးသီးကနေ  ထုတ်ပယ်ထားပါတယ်။ 

ပေကျင်းမှာ ကျင်းပနေတဲ့ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲမှာလည်း ရုရှားနဲ့ ဘီလာရုဇ် အားကစားသမားတွေကို ယှဉ်ပြိုင်ခွင့်မပြုဖို့ နိုင်ငံတကာအိုလံပစ်ကော်မတီ ဆုံးဖြတ်ခဲ့ပါတယ်။ 

48 seconds Ago
Up