ယူကရိန်းနိုင်ငံအပေါ် စစ်ရေးကျူးကျော်မှု ရက်သတ္တပတ် သုံးပတ်အတွင်း ဝင်ရောက်လာပြီးနောက် ရုရှားအစိုးရမှာ ဘဏ္ဍာရေးဖိအားတွေလည်း မြင့်တက်လာနေပါတယ်။
နိုင်ငံတကာ ကြွေးမြီတွေကို ဒေါ်လာနဲ့မဆပ်ဘဲ ရူဘယ်ငွေကြေးနဲ့ပဲ ပြန်ဆပ်မယ်လို့ ရုရှားဘဏ္ဍာရေးဝန်ကြီးက မတ်လ ၁၄ ရက်က ကြေညာပါတယ်။
သုံးသပ်သူတွေက ကြွေးမဆပ်တော့မယ့်သဘော ပြောတာလို့ မြင်ကြပါတယ်။ အနောက်စီးပွားရေးပိတ်ဆို့မှုကြောင့် ရုရှားဟာ ဂလိုဘယ်ဈေးကွက်ကနေ ဖြတ်တောက်ခြင်းခံ နေရတာပါ။
ရုရှားက မတ် ၁၆ ရက် ဗုဒ္ဓဟူးနေ့မှာ နိုင်ငံတချို့ကို ဒေါ်လာ ၁၁၇ သန်း ပေးဆပ်စရာ ရှိတာပါ။ နိုင်ငံခြားငွေကြေးလဲလှယ်မှု တားမြစ်ထားခံရတာကြောင့် ရူဘယ်ငွေနဲ့ပဲ ပေးဆပ်မယ်လို့ ပြောနေတာပါ။
ရုရှားငွေတန်ဖိုးက စစ်ပွဲစတင်ကတည်းက အဆများစွာကျဆင်းပြီး နိုင်ငံတကာမှာ အလုပ်မဖြစ်တော့ပါဘူး။ ရုရှားဘဏ်တွေကို နိုင်ငံတကာငွေပေးချေမှု SWIFT စနစ်ကနေ တားမြစ်ပိတ်ပင်ထားပါတယ်။