close

ရေကြီးရေလျှံ

close

December 19, 2022

ထိုင်းတောင်ပိုင်း ခရိုင် ၉ ခုတွင် ရေကြီးရေလျှံ၊ ၅ ဦးသေဆုံးပြီး အိမ်ထောင်စု ၅၀,၀၀၀ ကျော် ရေဘေးသင့်

ထိုင်းတောင်ပိုင်းမှာ အချိန်ခါမဲ့ ၃ ရက်ဆက်တိုက်မိုးရွာသွန်းတာကြောင့် ခရိုင်ပေါင်း ၉ ခုက အိမ်ထောင်စုပေါင်း ၅၀၀၀၀ ကျော်ရေဘေးသင့်ကာ သေဆုံးသူ ၅ ဦးရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ထိုင်းအမျိုးသား သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဌာနရဲ့ ဒီဇင်ဘာ ၁၉ ရက်မနက် ထုတ်ပြန်ချက်မှာတော့ ထိုင်းတောင်ပိုင်းမှာ ဒီဇင်ဘာ ၁၇ ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာ သွန်းတာကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ကြောင်း၊ အထူးသဖြင့် စူရတ်ဌာနီ၊ နခွန်းဆီ ထမရတ်၊ တရန်း၊ ဖတ်ထလုန်း၊ ဆဒွန်း၊ ဆုန်ခလာ ၊ ပတ္တနီ၊ ယာ့လား နဲ့ နရာသီဝပ် စတဲ့ခရိုင် ၉ ခုထဲက မြို့နယ်ပေါင်း ၄၉ မြို့နယ်၊ ရပ်ကွက်ပေါင်း ၁၈၉ ခု၊ ကျေးရွာပေါင်း ၁၀၂၈ ရွာမှာ ရေကြီးလို့ အိမ်ထောင်စုပေါင်း ၅၁၅၄၃ စု ရေဘေးသင့်ကာ သေဆုံးသူ ၅ ဦးရှိတယ်လို့ ဖော်ပြပါတယ်။ 

သေဆုံးသူ ၅ ဦးမှာ နာရာသီဝပ်ခရိုင်က ၃ ဦး၊ ကျန်ထပူရီမှ ၁ ဦးနဲ့ ချွန်းပူးရီးခရိုင်က ၁ ဦးတို့ ဖြစ်ပါတယ်။ 

ခုမ်းချတ်လိုတ်သတင်းမှာတော့ သေဆုံးသူ ၃ ဦးမှာ နရာသီဝပ်ခရိုင် ရာ့ငဲ့မြို့နယ်ကဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်က  မိသားစု ၅ ဦး အိမ်စီးကားနဲ့ခရီးသွားစဉ် ဘော်ငေါ့အုပ်စု ရပ်ကွက် ၄ ထဲမှာ တောင်ကျရေ ရုတ်တရက်လမ်းပေါ်လျှံလာတာကြောင့် သူတို့ကားလည်း ရေထဲမျောပါသွား တယ်လို့ ဖော်ပြပါတယ်။ 

အဆိုပါရပ်ကွက်ထဲ ရေဘေးကူညီကယ်ဆယ်ရေးလုပ်နေတဲ့ စစ်သားတွေကတွေ့သွားပြီး ရေထဲက ကားကိုအမြန်ဆုံး ဆွဲတင်ခဲ့ကြောင်း၊ အထဲမှာ လူ ၅ ဦး သတိလစ်မေ့မျောနေတာကြောင့် နီး စပ်ရာဆေးရုံကို အမြန်ဆုံးပို့ဆောင်ခဲ့ပေမယ့် ၃ ဦးသေဆုံးသွားတယ်လို့ ဆိုပါတယ်။ 

သေဆုံးသူတွေမှာ ၆၇ နှစ်ရွယ် အဘွား ၁ ဦး၊ ၃၈ နှစ်ရွယ် အမျိုးသမီး ၁ ဦး၊ ၁၀ နှစ်အောက် ကလေးငယ်တယောက်ဖြစ်ကြောင်း၊ အသက်ရှင်သူ ၂ ဦးမှာ အသက် ၄၀ ရွယ်အမျိုးသား ၁ ဦးနဲ့ ၁၄ နှစ်သား ၁ ဦးလို့ ဆိုပါတယ်။ 

ကျန်တဲ့ခရိုင် ၂ ခုက သေဆုံးသူတွေနဲ့ ပတ်သက်တဲ့ အသေးစိပ်ကိုတော့ မသိရသေးပါဘူး။ 

ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာလည်း ရေကြီးမှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး အချို့နေရာတွေမှာ လူ ၁ ရပ်ကျော်မြင့်တက်ကာ ခေါင်မိုးတံစက်မြိတ်ထိရောက်နေကြောင်း၊ ဈေးဆိုင်ထဲကပစ္စည်းတွေရော ခွေး၊ ကြောင် စတဲ့ အိမ်မွေးတိရစ္ဆာန်အချို့ပါ ရေထဲမျှောပါသွားကြောင်း၊ ကယ်ဆယ်ရေး အဖွဲ့တွေက ရေထဲပိတ်မိနေသူတွေကို အရေးပေါ်ကယ်ဆယ်ရေး လုပ်နေရပြီး ဖတ်ထလုန်းခရိုင်မှာဆိုရင် ရုံးနဲ့ စာသင်ကျောင်းတွေ အားလုံးအရေးပေါ်ပိတ်ထားရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။ 

ရေးဘေးသင့်ပြီး အကူအညီလိုအပ်သူတွေအနေနဲ့ သဘာဝဘေးအန္တရာယ်တားဆီး ကာကွယ်ရေးဌာန အရေးပေါ်ဖုန်းလိုင်း ၁၇၈၄ နဲ့ Line ID @1784DDPM တို့ကို ၂၄ နာရီ ဆက်သွယ်အကူအညီတောင်းနိုင်တယ်လို့ ဆိုပါတယ်။ 

ကိုးကား - https://www.facebook.com/DDPMNews ( ထိုင်းအမျိုးသားသဘာဝဘေးကာကွယ်ရေးဦးစီးဌာန ဖေ့စ်ဘုတ် ) 

44 mins Ago

October 15, 2022

ဗဟိုအာဖရိကတွင် ရေကြီးရေလျှံသဖြင့် လူရာပေါင်းများစွာ နေအိမ်များကို စွန့်ခွာ

ဗဟိုအာဖရိကရှိ ချဒ်နိုင်ငံမှာ အောက်တိုဘာ ၁၃ ရက်က နိုင်ငံရဲ့ အကြီးဆုံးမြို့တော် Ndjamena ရဲ့ အမှတ် ၉ ခရိုင်မှာ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် လူရာပေါင်းများစွာဟာ နေအိမ်တွေနဲ့ လုပ်ငန်းတွေကို စွန့်ခွာပြီး ထွက်ပြေးခဲ့ရပါတယ်။ 

အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအများစုပါဝင်တဲ့ ရေဘေးဒုက္ခသည်တွေဟာ သူတို့ ပိုင်ဆိုင်သမျှပစ္စည်းတွေကို ခေါင်းပေါ်တင်ကာ ခြေလျင်ခရီး ထွက်ခဲ့ကြပြီးတော့ ယာယီစခန်းတခု တည်ဆောက်ဖို့ ခြောက်သွေ့မြေပြင်ကို ရှာဖွေကြပါတယ်။ 

အသက် ၃၁ နှစ်အရွယ် ဒေသခံ Thomas Ngueadoum ကတော့ ပြည်နယ်အစိုးရအနေနဲ့ အရေးပေါ် ဖြေရှင်းရမှာဖြစ်ကြောင်းနဲ့ ကလေးတွေဟာ ဒီရာသီဥတုကို အကြာကြီး ထိတွေ့ရရင် ခြင်ကိုက်ခံရ၊ အအေးမိနိုင်ခြေရှိပြီး ဖျားနာကုန်မယ် လို့ ပြောဆိုပါတယ်။ 

ဗဟိုအာဖရိကနိုင်ငံရဲ့ တောင်ပိုင်းဒေသတွေမှာ မေလမှ အောက်တိုဘာလအထိ ကျရောက်တဲ့ မိုးရာသီမှာ ရေကြီးခြင်းဟာ အဆန်းတော့မဟုတ်ပါဘူး။ 

ဒါပေမယ့် အခုနှစ်မှာ မိုးစောစော ကျရောက်ပြီး နှစ် ၃၀ ကျော်အတွင်း အပြင်းထန်ဆုံး ရာသီမိုး ရွာသွန်းမှုဖြစ်ခဲ့ပြီး ရေနုတ်မြောင်းတွေနဲ့ ရေကန်တွေကို မြန်မြန်ဆန်ဆန် ရေပြည့်လျှံ ကုန် တာကြောင့် မြို့တော် N'djamena ရဲ့ အစိတ်အပိုင်းတွေကို လှေနဲ့သာ သွားလာလို့ရပါတယ်။ 

2 months Ago
Up