close

ရေခဲ

close

January 26, 2023

အအေးပိုပြီး ရေခဲနေသည့် မိုးကုတ်မြို့ ဗားနပ်ရွာကို လာရောက်လည်ပတ်သူ များပြား

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်းမှာရှိတဲ့ ဗားနပ်ရွာမှာ အပူချိန်  ဒီဂရီ 4°C ထိရှိပြီး ရေခဲတာကြောင့် ဇန်နဝါရီ ၂၅ ရက်က လာရောက်လည်ပတ်သူတွေ များပြားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

တခြားရက်တွေထက် အအေးပိုပြီး ရေခဲတာကြောင့် ရပ်နီးရပ်ဝေးက လာရောက်လည်ပတ်သူတွေ အရင်ကထက် များတယ်လို့လည်း ဆိုပါတယ်။

အရမ်းအေးတဲ့နေ့တွေဆိုရင် သီးနှံပင်တွေမှာပါ ရေခဲနေပြီး ဈေးနေ့နဲ့ လပြည့် လကွယ်နေ့တွေမှာ လာရောက်လည်ပတ်သူတွေများကာ တခြားရက်တွေမှာဆိုရင်တော့ လာရောက်လည်ပတ်သူ နည်းတယ်လို့ ဗားနပ်ရွာမှာနေတဲ့ ဒေသခံတဦးက ပြောပါတယ်။

ဗားနပ်ရွာက မိုးကုတ်မြို့ကနေ ဆိုင်ကယ်နဲ့ ၄၅ မိနစ်ဝန်းကျင်သွားရပြီး အခုလို ရေခဲတဲ့အချိန် ရောက်ရင် ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေက ခရီးသွားတွေ အများဆုံး လာရောက်လည်ပတ် ကြတယ်လို့လည်း သိရပါတယ်။

အရင်က အဲဒီဒေသကို ခရီးသွားတွေ လာရောက်လည်ပတ်တာ နည်းခဲ့ပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ ဆောင်းရာသီရောက်တိုင်း အဲဒီဒေသမှာ ရေခဲတယ်ဆိုတဲ့ သတင်းတွေကြောင့် အခုနောက်ပိုင်း ခရီးသွားတွေ များလာတာဖြစ်တယ်လို့လည်း သိရပါတယ်။

2 mins Ago

December 20, 2020

ချင်းပြည်နယ် ဟားခါးတွင် ရေခဲနေ (ဓာတ်ပုံ)

အပူချိန်ရေခဲမှတ်အောက် ရောက်သွားတဲ့ ချင်းပြည်နယ် ဟားခါးမြို့မှာ ရေတွေခဲနေပြီ ဖြစ်ပါတယ်။ အိမ်တံစက်မြိတ်တွေမှာ တွဲကျနေတဲ့ ရေခဲတွေ ရှိနေပြီး စိုက်ခင်းက သီးနှံတွေမှာလည်း ရေခဲတွေ အပြင်လိုက်ကပ်နေတာကို တွေ့ရပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီဇင်ဘာ ၁၉ ရက် ထူးခြားတဲ့ ညအပူချိန်တွေအဖြစ် ဟားခါးမြို့မှာ အနုတ် ၅ ဒီဂရီစင်တီဂရိတ်၊ မင်းတပ်မြို့၊ တီးတိန်မြို့၊ ရမ်ကလောင်းနဲ့ မိုးကုတ်မြို့တို့မှာ ၅ ဒီဂရီစင်တီ ဂရိတ်စီနဲ့ ကျောက်မဲမြို့၊ ပြင်ဦးလွင်မြို့တို့မှာ ၆ ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ဒီလိုအချိန်တွေ အမြဲအေးပေမယ့် ဒီနှစ်လောက် အအေးမပိုဖူးဘူးလို့ ဟားခါး ဒေသခံတယောက်က ပြောပါတယ်။ ဓာတ်ပုံ - Albert ThangShing Mang, Vanpar Mawi
2 years Ago
Up