close

ရေငုပ်သင်္ဘော

close

April 19, 2023

ရုရှားက ပစိဖိတ်သမုဒ္ဒရာအတွင်း နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ချထား

ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ အမိန့်အတိုင်း ပစိဖိတ်သမုဒ္ဒရာအတွင်း ရုရှားရဲ့ မဟာဗျူဟာနဲ့ ဘက်စုံသုံး နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကို ဖြန့်ကျက် တာဝန်ချထားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။

ရေတပ်မိုင်းရှင်းလင်းရေးသမားတွေဟာ အမေရိကန်နဲ့ ဂျပန် ပင်လယ်နယ်နိမိတ်နားက ရုရှားအရှေ့ဖျားပိုင်း ကမ်ချတ်ကာကျွန်းဆွယ်မှာရှိတဲ့ ရုရှားအခြေစိုက်စခန်းက ရေငုပ်သင်္ဘောတွေ ဘေးကင်းကင်းထွက်ခွာနိုင်တာ သေချာအောင် လုပ်ခဲ့ကြပါတယ်။

ရေငုပ်သင်္ဘောတွေဟာ စပိဘုတ်စီးနင်းထားတဲ့ ရေတပ်ရဲ့ အထူးတပ်ဖွဲ့ဝင်တွေ ခြံရံရင်း မီးခိုးငွေ့ ထောက်လှမ်းရေးစစ်ဆေးမှုအောက်ကနေ အခြေစိုက်စခန်းတွေကို ကျောခိုင်း ထွက်ခွာသွားခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားရဲ့ ပစိဖိတ်ရေတပ် လက်အောက်ခံ Tu-142 ရေငုပ်သင်္ဘောဖျက်ဆီးရေး လေယာဉ်ဟာ ရန်သူ့ရေငုပ်သင်္ဘောတွေကိုရှာဖို့ ရည်ရွယ်ပြီး အမျိုးအစားခွဲတဲ့အလုပ်တွေ လုပ်ခဲ့တယ်လို့လည်း ဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောပါတယ်။

လေယာဉ်ဟာ အမြင့်ဆုံးကြာချိန်အထိ လေထဲမှာ ပျံသန်းနေခဲ့တယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။

1 min Ago

December 14, 2022

ဂျာမန်လုပ် ရေငုပ်သင်္ဘော ၂ စင်း စင်ကာပူ လွှဲပြောင်းရယူ

ဂျာမန်အဓိပတိ အောလော့ဖ်ရွှိုက်ဇ်နဲ့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့ဟာ ဒီဇင်ဘာ ၁၃ ရက်မှာ စင်ကာပူနိုင်ငံက မှာယူထားတဲ့ ရေငုပ်သင်္ဘောနှစ်စင်းကို ဂျာမန်မြောက်ပိုင်း ခီယယ်မြို့မှာ အမည်ပြောင်းပေးတဲ့ပွဲကို တက်ရောက်ခဲ့ကြပါတယ်။

စင်ကာပူသမ္မတနိုင်ငံရဲ့ ရေတပ်အတွက် Invincible - class ဒါမှမဟုတ် Type 218SG ရေငုပ်သင်္ဘော စုစုပေါင်းလေးစင်း မှာယူခဲ့တာမှာ ပထမဆုံး ဂျာမန်လုပ် ရေငုပ်သင်္ဘော နှစ်စင်းကို ၂၀၁၉  ခုနှစ်မှာ ပေးပို့ခဲ့ပြီးပါပြီ။

အခမ်းအနားမှာ ဝန်ကြီးချုပ် လီရှန်လွန်းက “စင်ကာပူနဲ့ ဂျာမနီတို့ဟာ ပြည်သူတွေရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးနဲ့ နယ်ပယ်များစွာမှာ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ စိတ်တူကိုယ်တူ မိတ်ဘက်နိုင်ငံတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက စင်ကာပူနိုင်ငံကို အဓိပတိ ရွှိုက်ဇ်ရဲ့ ခရီးစဉ်အတွင်း လက်ခံကျင်းပရတာကို ဝမ်းမြောက်မိပါတယ်။ ကျနော်တို့နှစ်နိုင်ငံကြား ဆက်ဆံရေးအပြင် အာရှ-ပစိဖိတ်ဒေသအပေါ် ဂျာမနီရဲ့ ခိုင်မာတဲ့ စိတ်ဝင်စားမှုကိုပါ ဒီခရီးစဉ်က ထင်ဟပ်နေပါတယ်” လို့ ပြောပါတယ်။

ရွှိုက်ဇ်ကတော့ ဂျာမနီရဲ့ လုံခြုံရေးမူဝါဒအတွက် မဟာဗျူဟာမိတ်ဘက်အဖြစ် စင်ကာပူရဲ့ အရေးကြီးမှုကို အလေးပေး ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ရဲ့ အားကောင်းတဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုအပြင် ဖရီးဂိတ်ဘာဗားရီးယား ဖြန့်ကြက်မှုနဲ့အတူ မနှစ်ကလည်း ဒေသတွင်းအရေးပါမှုကို အလေးပေး ဖော်ပြခဲ့ပါတယ်။ အခုနှစ်မှာတော့ ယူရိုတိုက်လေယာဉ်ခြောက်စီး ဖြန့်ကြက်ထားခဲ့တာပါ။ စင်ကာပူဟာ ဒီလုပ်ငန်းမှာ ဗဟိုမိတ်ဘက်နိုင်ငံဖြစ်ပြီး တပ်ဖြန့်စဉ်အတွင်း အမြဲတမ်း မရှိမဖြစ်လိုအပ်တဲ့ ထောက်ပံ့ပို့ဆောင်ရေး အချက်အချာ ဖြစ်တယ်” လို့ ရွှိုက်ဇ်က ပြောကြားပါတယ်။

4 months Ago
Up