close

ရေစကြို ၂၅၇ တပ်ရင်း

close

October 11, 2021

ရေစကြို ၂၅၇ တပ်ရင်းကို မြိုင်နှင့်ရေစကြို PDF တို့ လက်နက်ကြီးများဖြင့် ပစ်ခတ်

မကွေးတိုင်း ရေစကြို ဖူလုံကျေးရွာအနီးက ၂၅၇ တပ်ရင်းကို မြိုင်နဲ့ရေစကြို PDF တို့ ပူးပေါင်းပြီး အောက်တိုဘာ ၁၀ ရက် ည ၁၂ နာရီလောက်က လက်နက်ကြီးနဲ့ ပစ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်ပျက်စီးမှုများနိုင်ပြီး အခြေအနေကို လက်ရှိအချိန်မှာ မသိရသေးဘူးလို့ ဆိုပါတယ်။ 

လက်နက်ကြီးနဲ့ ပစ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ပြီး တပ်အတွင်း စစ်ကောင်စီတပ်သားတွေအနေနဲ့ ပြန်လည်ပစ်ခတ်ရင်း ကျန်နေခဲ့ကြတယ်လို့ မြိုင် PDFအဖွဲ့က သိရပါတယ်။

အောက်တိုဘာ ၁၁ ရက် မနက် ၈ နာရီလောက်မှာ လက်နက်ကြီးတွေ တင်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ရေစကြို ဆင်ဖြူရှင်တံတားကနေ မြို့တွင်းကို ဖြတ်ကာ  ပခုက္ကူမြို့ဘက် သွားတာ မြင်လိုက်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

3 mins Ago
Up