close

ရေဆိုးမြောင်း

close

November 11, 2021

တရုတ်တွင် နှင်းမုန်တိုင်းကြောင့် ရေဆိုးမြောင်းပေါက်ထဲ ပိတ်နေသူ အမျိုးသမီးကို ကယ်တင်

တရုတ်နိုင်ငံ တိယန်ကျင့်မြို့မှာ နှင်းမုန်တိုင်းသည်းထန်နေချိန် ရေဆိုးမြောင်းပေါက်ထဲမှာ ပိတ်မိနေ တဲ့ အမျိုးသမီးတယောက်ကို မီးသတ်သမားတွေက ကယ်ခဲ့ရတယ်လို့ အစိုးရရုပ်သံ CCTV က နိုဝင်ဘာ ၁၁ ရက်မှာ ကြေညာပါတယ်။

အမျိုးသမီးဟာ ရေခဲမှတ်အောက် ရောက်နေတဲ့ အပူချိန်မှာ ဆယ်မိနစ်ကျော် ပိတ်မိနေခဲ့ပြီး နောက်ဆုံးမှာ ကယ်ထုတ်ခံခဲ့ရတယ်လို့ စီစီတီဗီက ပြောပါတယ်။

သူဟာ ကယ်ဆယ်အပြီး အခြေအနေ ကောင်းနေတယ်လို့လည်း ပြောပါတယ်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတလွှားမှာ လတ်တလော ရက်တွေအတွင်း နှင်းမုန်တိုင်းတွေ သည်းထန်နေတာပါ။ 

တချို့နေရာတွေမှာ ယာဉ်ကြော နှေးကွေးကုန်တဲ့အထိ စံချိန်တင်အောင် နှင်းတွေ ကျဆင်းခဲ့ပါတယ်။

ရထားဝန်ဆောင်မှု အနှောင့်အယှက် ဖြစ်ခဲ့သလို အပူချိန်ထိုးကျခဲ့လို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအတွက် ပိုစိုးရိမ်နေကြပါတယ်။

အအေးလှိုင်းက နိုဝင်ဘာ ၇ ရက်မှာ စတင်ကျရောက်ခဲ့လို့ တရုတ်အရှေ့မြောက်ပိုင်း တလွှား အပူချိန်က နိုဝင်ဘာ ၉ ရက်မှာ ၁၄ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ကျဆင်းခဲ့ပါတယ်။

ပြိုလဲနေတဲ့ သစ်ပင်တွေကို ဖယ်ပြီး လမ်းတွေပေါ်က နှင်းတွေကို ရှင်းထုတ်ဖို့ အာဏာပိုင်တွေ ကြိုးစား လုပ်ဆောင်နေပါတယ်။

4 mins Ago
Up