close

ရေတပ်ဗိုလ်လောင်း

close

July 18, 2022

ချီလီတွင် အမေရိကန်ရေတပ်ဗိုလ်လောင်းတဦး ချောက်ကမ်းပါးထဲ ပြုတ်ကျသေဆုံး

ကာကွယ်ရေး ဖလှယ်မှုအစီအစဉ်အရ ချီလီနိုင်ငံကို ရောက်နေတဲ့ အမေရိကန်ရေတပ် ဗိုလ်လောင်းတယောက် ဗယ်လ်ပါရိုင်စို ဒေသ၊ ဆော်တိုဒေ အာဂွါမြို့က ရေတံခွန်တခုမှာ သေဆုံးနေတာကို ဇူလိုင် ၁၇ ရက်က တွေ့ခဲ့တယ်လို့ ချီလီရေတပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဗိုလ်လောင်းဟာ အန်တိုနီယို ပရတ် ရေတပ်သင်တန်းကျောင်းမှာ တက်နေတဲ့ အသက် ၂၅ နှစ် အရွယ် ဖလှယ်ရေးကျောင်းသားလို့  ပြည်တွင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

အမေရိကန် ဗိုလ်လောင်းဟာ အားလပ်ချိန်မှာ ကျောင်းက တခြားဗိုလ်လောင်း တယောက်နဲ့ ခြေလျင်ခရီးထွက်ပြီး (ဇူလိုင် ၁၆ ရက်) မှာ ပျောက်ဆုံးသွားပါတယ်။ တောင်တက်ခရီးစဉ် ထိပ်ဆုံးအရောက်မှာ အမေရိကန်ဗိုလ်လောင်းက ချောက်ကမ်းပါးထဲသို့ လှမ်းကြည့်ရာမှာ ချော်လဲ ပြုတ်ကျသွားခဲ့တာကြောင့် သူနဲ့အတူ လိုက်ပါလာတဲ့ ဗိုလ်လောင်းက ဒေသန္တရ အာဏာပိုင်တွေဆီ အကူအညီ တောင်းခံခဲ့တယ်လို့ ချီလီ ရေတပ်က ရေးသားဖော်ပြပါတယ်။ 

ကယ်ဆယ်ရေးအဖွဲ့များက သူ့ကိုတွေ့ရှိခဲ့ပြီး အလောင်းကို ရဟတ်ယာဉ်နဲ့ ပြန်ဆယ်ယူခဲ့ပါတယ်။ ချီလီရဲချုပ် ပက်ထရစ်စီယာ ဗက်ဇ်ကက်ဇ်က အမေရိကန် ဗိုလ်လောင်းရဲ့  ရုပ်အလောင်းကို တရားဝင် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းဆီကို လွှဲပေးသွားမယ်လို့ ဒေသခံ မီဒီယာကို ပြောခဲ့ပါတယ်။ 

13 hours Ago
Up