close

ရေတာရှည်မြို့

close

November 6, 2021

ရေတာရှည်မြို့လယ်က CB ဘဏ်ခွဲ ဓားပြတိုက်ခံရ

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊   ၂ ရပ်ကွက်ရှိ CB ဘဏ်ခွဲကို  နို၀င်ဘာ ၅ ရက် နေ့လယ် ၁ နာရီကျော်က ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်-မန္တလေးလမ်းမကြီး ဘေးရှိ ရေတာရှည် CB ဘဏ်ခွဲကို ဆိုင်ကယ်နှစ်စီးနဲ့ မျက်နှာဖုံးတပ်ထားတဲ့ လူ‌ ၄ ယောက်က ဝင်ရောက်ဓားပြတိုက်ခဲ့တာဖြစ်ပြီး ငွေကျပ် သိန်း ၅၀၀ နဲ့ ၆၀၀ ကြား ပါသွားပြီး တချို့ကတော့ ၅၃၁ သိန်းလို့လည်း အတိအကျ ပြောနေကြတယ်လို့လည်း ဆိုပါတယ်။ 

ဘဏ်ဓားပြတိုက်တဲ့ဖြစ်စဉ်တွေဟာ ရန်ကုန်လိုမြို့ကြီးမှာလည်း ဖြစ်ခဲ့ပြီးပြည်သူနဲ့ PDF လှည့်တိုက်ဖို့ကြိုးစားနေတာမို့  ပြည်သူတွေက နားလည်ဖို့ပဲလိုတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် ရွှေကြက်ယက်ရပ်ကွက်နဲ့ အနီးတဝိုက်ရှိ နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ က စောင့်ကြပ်စစ်ဆေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရေတာရှည်မြို့နယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့အားလုံးက သူတို့ လုပ်တာမဟုတ်ကြောင်း ငြင်းဆိုထားကြပါတယ်။

3 mins Ago
Up