close

ရေတံခွန်

close

January 10, 2022

ဘရာဇီး ရေတံခွန်တခုကိုလာသည့် ဇိမ်ခံမော်တော်ပေါ် ကျောက်တုံးကြီးပြုတ်ကျ၊ ၁၀ ဦးသေ

ဘရာဇီးနိုင်ငံ အရှေ့တောင်ဘက်ရှိ ရေတံခွန်တခုကို အလည်လာတဲ့ မော်တာဘုတ်တွေအနက် တခုပေါ်ကို မတ်စောက်တဲ့ ကျောက်နံရံပေါ်က ကျောက်တုံးတလုံး ပြုတ်ကျတာကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။

ဘရာဇီးရဲ့ နာမည်ကျော် ကပီတိုလီယိုကျွန်းတွေဆီ အပျော်စီးမော်တော်ဘုတ်တွေ အများအပြား လာလေ့ရှိပါတယ်။ ဇန်နဝါရီ ၉ ရက်နေ့က ကျောက်နံရံပေါ်က ကျောက်တုံးကြီးတတုံး မော်တော်ဘုတ်တစီးပေါ် ရုတ်တရက် တည်တည့်ကြီး ပြုတ်ကျတာပါ။

မီးသတ်တွေက လက်ရှိ အလောင်း ၃ လောင်း တွေ့ရှိထားပါတယ်။ မော်တော်ဘုတ်ပေါ်ပါတဲ့ အခြားခရီးသည် ၃၀ ဦး ရေလှိုင်းရိုက်ပုတ်မှုကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပါတယ်။

11 mins Ago

August 16, 2020

မွန်ပြည်နယ်ရှိ ကမ်းခြေ၊ အပန်းဖြေစခန်းနှင့် ရေတံခွန်များ ဆက်ပိတ်ထားမည်

မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို သြဂုတ် ၃၁ ရက်နေ့အထိ သက်တမ်းထပ်တိုးလိုက်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့က သြဂုတ် ၁၅  ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီကြေညာချက်မှာတော့ လူစုလူဝေးနဲ့ ကျင်းပမယ့် ပွဲလမ်းသဘင်၊ အခမ်းအနားတွေကို ရပ်ဆိုင်းထားဖို့ အပါအဝင် ပြည်သူတွေ သိရှိလိုက်နာ ဆောင်ရွက်ဖို့ ညွှန်ကြားထားတဲ့ ညွှန်ကြားချက် ၇ ချက်ကိုလည်း သက်တမ်းထပ်တိုးထားတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ပြည်နယ်အတွင်းရှိ ပန်းခြံ၊ ကမ်းခြေ၊ ရေတံခွန်တွေ၊ အပန်းဖြေစခန်းတွေ၊ ရုပ်ရှင်ရုံနဲ့ KTV ဆိုင်အားလုံးကို အရင်တိုင်း ဆက်လက်ပိတ်ထားရဦးမှာ ဖြစ်ပြီး ပြည်သူတွေအနေနဲ့ နေအိမ် အပြင်ထွက်တိုင်း Mask မဖြစ်မနေ တပ်ဆင်ဖို့လည်း ပါဝင်ပါတယ်။  ဖြေလျှော့မှုတွေအနေနဲ့ လူ ၁၅ ဦးထက် ပိုမစုဝေးရ အမိန့်အစား လူ ၃၀ အထိ စုဝေးနိုင်တယ်လို့ ဆိုထားပါတယ်။  သတင်း- ဇော်လွင်ထွဋ်
1 year Ago
Up