close

ရေနစ်သေဆုံးမှု

close

July 12, 2022

ပေါင်မြို့နယ်တွင် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ် ၃ ဦး ရေနစ်သေဆုံး

မွန်ပြည်နယ် ပေါင်မြို့နယ်၊ ဖလပ်ကျေးရွာမှာ ဇူလိုင် ၁၂ ရက် မနက်ပိုင်းက အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ် သုံးယောက် ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေက  ပြောပါတယ်။

မိန်းကလေးငယ် သုံးယောက်ဟာ ဘုန်းကြီးကျောင်းကို ဆွမ်းသွားပို့ပြီး အပြန်မှာ ကျောက်မိုင်းလုပ်ငန်း ဆောင်ရွက်ထားတဲ့ မြေကျင်းရေကန်ထဲမှာ ရေနစ်သေဆုံးခဲ့တာပါ။

ရေနစ်သေဆုံးသွားတဲ့ ကလေးငယ်တွေဟာ အသက် ၉ နှစ်အရွယ် မဖြိုးသီရိ၊ အသက် ၁၁ နှစ်အရွယ် မစိုးပြည့်ပြည့်စံနဲ့ အသက် ၁၂ နှစ်အရွယ် မခိုင်ဒါသိန်းတို့ ဖြစ်ပါတယ်။

ဒေသခံတွေအဆိုအရ အဲဒီမြေကျင်းရေကန်အနီးမှာ ဖိနပ်တွေ တွေ့ရှိပြီးနောက် လိုက်လံရှာဖွေစဉ် ရေကန်ထဲမှာ ကလေးတွေရဲ့ အလောင်းကို တွေ့ရှိခဲ့တာပါ။

ရေနစ်သေဆုံးသွားတဲ့ မိန်းကလေးငယ်တွေဟာ ပေါင်မြို့နယ် ဖလပ်ကျေးရွာနေထိုင်သူတွေ ဖြစ်ပြီး  ဇရစ်ချောင်မူလွန်စာသင်ကျောင်းမှာ တက်ရောက် ပညာသင်ကြားနေတဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းကလည်း သံဖြူဇရပ်မြို့နယ် ဝဲကဝါကျေးရွာ၊ မိန်ဘလာတောင်ရှိ ဂျပန်ခေတ် လက်ကျန် ရတနာပစ္စည်း တူးဖော်ထားတဲ့ မြေကျင်းရေကန်ထဲမှာ အသက် ၆၀ အရွယ် အမျိုးသမီး တယောက်နဲ့ ကလေးငယ်သုံးယောက်  ရေနစ်သေဆုံးထားပါတယ်။

4 mins Ago

May 5, 2022

ပုသိမ်မြို့တွင် ဘုန်းကြီး ၁ ပါးနှင့် အမျိုးသား ၁ ဦး ရေနစ်သေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မေ ၄ ရက်နဲ့ ၅ ရက်နေ့တွေက ဘုန်းကြီးတပါးနဲ့ အမျိုးသားတယောက် ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေကြည်ဦးဘုရား ကျုံးထဲမှာ မေ ၄ ရက်က အမျိုးသားတယောက်  ရေနစ်သေဆုံးခဲ့ပြီး မေ ၅ ရက်နေ့မှာလည်း မြို့ချောင်းရွာရှိ ချောင်းအတွင်းမှာ ဒုလ္လဘဘုန်းကြီးတပါး ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ရေနစ်သေဆုံးတဲ့သူတွေကို ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ အတိအကျ မစုံစမ်းသလို ရင်ခွဲပြီးတာနဲ့ သင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“၂ ရက်ကို ၂ ယောက်ဆိုတော့ နည်းနည်းထူးဆန်းနေတယ်လို့ ခံစားရတယ်။ စစ်ဆေးတာတွေလည်း သေချာလုပ်ပုံတော့ မရဘူး၊ အကုန် ရင်ခွဲရုံပို့ပြီး နေ့လယ်ပိုင်းမှာ သင်္ဂြိုဟ်တာပဲ။”

ရေကြည်ဘုရားကျုံးနေရာဟာ နှစ်စဉ် ရေနစ်သေဆုံးလေ့ရှိတဲ့နေရာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်

2 months Ago
Up