တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်မှာ မိုးကြီးလို့ လူ ၉ ဦးထက်မနည်း သေဆုံးပြီး အိမ်ခြေ ၂,၈၀၀ လောက် ပျက်စီးခဲ့ပါတယ်။
သြဂုတ် ၈ ရက်နဲ့ ၉ ရက်တို့မှာ မိုးသည်းသည်းထန်ထန် ရွာခဲ့လို့ လမ်းတွေနဲ့ အဆောက်အဦတွေ ရေနစ်မြုပ်ခဲ့သလို တိုက်ခန်းတွေနဲ့ ကားတွေ သောင်တင်ရင်း ပိတ်မိနေခဲ့ပါတယ်။
ဂမ်းနမ်ခရိုင်တဝိုက်က အဆောက်အဦတချို့ အင်္ဂါနေ့မှာ ဆက်ပြီး ရေကြီးရေလျှံနေခဲ့လို့ မြေအောက်ရထားဘူတာတွေနဲ့ လမ်းအများအပြားလည်း ပိတ်ဆို့နေခဲ့ပါတယ်။
ကိုရီးယား မိုးလေဝသဆိုင်ရာ စီမံခန့်ခွဲရေး (KMA) ကတော့ ဩဂုတ် ၁၀ ရက်မှာ မိုးရေချိန် တဖြည်းဖြည်း လျော့နည်းလာမယ်လို့ ဟောကိန်းထုတ်ထားပါတယ်။