close

ရေနံချက်စက်ရုံ သိုလှောင်ကန်

close

April 4, 2022

အိုဒက်ဆာမြို့ရှိ ရေနံချက်စက်ရုံနှင့် သိုလှောင်ကန်များကို ရုရှား တိုက်ခိုက်

ယူကရိန်းတောင်ဘက် အိုဒက်ဆာဆိပ်ကမ်းမြို့ရှိ ရေနံချက်စက်ရုံ ၁ ရုံနဲ့ သိုလှောင်ရုံ ၃ ခုကို ဧပြီ ၃ ရက်က  ရုရှားတို့က ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ 

အိုဒက်ဆာမြို့ဟာ မာရီယူပိုးလ်မြို့နဲ့ မိုက်ကိုလိုက်မြို့တို့လိုပဲ Black Sea ပေါ်မှာ ရှိတဲ့ ဆိပ်ကမ်းမြို့ဖြစ်ပြီး ယူကရိန်းရေတပ် အဓိကအခြေစိုက်တဲ့ နေရာပါ။ 

အဓိကအရေးကြီးနေရာကို ရုရှားက ဒုံးကျည်အတော်များများ ပစ်ခဲ့တာဖြစ်ပြီး  ရေနံသိုလှောင်ရုံတွေ အနီးအနားမှာ နေထိုင်တဲ့ ဒေသခံတွေက အတော့်ကို ထိတ်လန့်နေကြတယ်လို့  အိုဒက်ဆာမြို့ကောင်စီကတော့ ပြောပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းတပ်တွေကို အဓိက ထောက်ပံ့ပေးနေတဲ့ ရေနံသိုလှောင်ရုံ ၃ ရုံနဲ့ ရေနံချက်ရုံ ၁ ရုံကို ဖျက်ဆီးခဲ့တယ်လို့ အတည်ပြုပါတယ်။ 

အိုဒက်ဆာဟာ ရုရှားတို့ အဓိက အာရုံကျနေတဲ့ နေရာပါ။ အဲဒီမြို့ကို သိမ်းပိုက်နိုင်ခဲ့ရင် ရုရှားတပ်တွေဟာ မော်လ်ဒိုဗာပြည်နယ်ရဲ့ ရုရှားစကားပြော ခွဲထွက်မြို့ ထရန်နီးယက်စထရာမြို့ကို ချိတ်ဆက်ဖို့ စင်္ကြံလမ်းရသွားမှာပါ။

1 min Ago
Up