close

ရေနံချောင်း-ကျောက်ပန်းတောင်းကားလမ်း

close

October 29, 2022

ရေနံချောင်း-ကျောက်ပန်းတောင်းကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး ၇ ဦးသေဆုံး၊ ၁၂ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဩဇာတောကျေးရွာအနီးမှာ အောက်တိုဘာ ၂၉ ရက် မနက်က ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၇ ယောက်သေဆုံးကာ ၁၂ ယောက် ဒဏ်ရာရသွားတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။

ဒီနေ့မနက် ၆ နာရီလောက်က ရေနံချောင်း-ကျောက်ပန်းတောင်းသွားကားလမ်း၊ မိုင်တိုင်အမှတ်(၃၇၈/၇)အနီး ရပ်ထားတဲ့  FUSO ၁၂ ဘီးကားတစီးကို လားရာတူယာဉ်ကြောမှ မောင်းနှင်လာတဲ့ CANTER ကားက အနောက်မှ ဝင်ရောက်တိုက်မိခဲ့တာလို့ဆိုပါတယ်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါလာသူ ၁၉ ယောက်ထဲမှာ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၄ ယောက်သေဆုံးပြီး အမျိုးသား ၇ ယောက်နဲ့ အမျိုးသမီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို့ မီးသတ်နဲ့ ဒေသခံပရဟိတ လူနာတင်ကားတွေနဲ့ ချောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။

Photo-MFSD

11 mins Ago
Up