close

ရေနံစျေးနှုန်း

close

July 7, 2022

ကမ္ဘာ့ရေနံစျေးနှုန်း ကျဆင်း

စီးပွားရေးကျဆင်းမှု ဖြစ်နိုင်ခြေအတွက် ကုန်သည်တွေ စိုးရိမ်နေကြချိန်မှာပဲ ဇူလိုင် ၆ ရက်မှာ ကမ္ဘာ့ရေနံဈေးနှုန်းတွေ ကျဆင်းခဲ့ပါတယ်။

အဓိက ကမ္ဘာ့ရေနံစံညွှန်းတခုဖြစ်တဲ့ West Texas Intermediate ရဲ့ သြဂုတ်လအတွက် ဈေးနှုန်းမှာ ၉၇ ဆင့် သို့မဟုတ် ၀ ဒသမ ၉၇ ရာခိုင်နှုန်း လျော့ကျသွားပြီး နယူးယော့ခ် အရောင်းအဝယ်အိပ်ချိန်းမှာ ရေနံတစည်ကို ၉၈ ဒသမ ၅၃ ဒေါ်လာနဲ့ အထိုင်ကျခဲ့ပါတယ်။

ဒီစျေးကွက်တုံ့ပြန်မှုတွေဟာ အမေရိကန်ရေနံစိမ်းနဲ့ Brent ရေနံစိမ်း စံနှုန်းတွေ ဇူလိုင် ၅ ရက်မှာ ၈ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ၉ ဒသမ ၅ ရာခိုင်နှုန်းနီးပါး အသီးသီး ကျဆင်းသွားတာကို တွေ့မြင်ခဲ့ရတဲ့ ရေနံဈေးကွက်မှာ ကြီးမားတဲ့ နောက်ပြန်ဆုတ်မှုလည်း ဖြစ်ပါတယ်။

အထူးသဖြင့် အခုနှစ် မတ်လ ၈ ရက် စံချိန်တင် အပိတ်စျေးနှုန်းနဲ့ နှိုင်းယှဉ်ရင် သြဂုတ်လအတွက် West Texas Intermediate ရဲ့ စာချုပ်စျေးနှုန်းဟာ ၂၀ ဒသမ ၃၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး စက်တင်ဘာလအတွက် Brent ရေနံစိမ်းဟာ ၂၁ ဒသမ ၃၂ ရာခိုင်နှုန်း ကျဆင်းသွားကာ bear market ဈေးနှုန်းအကျဈေးကွက်ထဲ ရောက်သွားပါတယ်။

စွမ်းအင်လိုအပ်ချက်ကို ထိခိုက်စေပြီး စီးပွားရေးကျဆင်းမှု အန္တရာယ်ကို ဖြစ်စေနိုင်တဲ့ ငွေကြေးဖောင်းပွမှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် ဖက်ဒရယ်ရန်ပုံငွေနဲ့ တခြား အဓိကဘဏ်တွေကနေ ငွေကြေးဆိုင်ရာမူဝါဒ တင်းကျပ်လိုက်မှာကို စိုးရိမ်ပြီး ကုန်သည်တွေဟာ ရေနံဈေးနှုန်းထက် ကျော်လွန်လုပ်ဆောင်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

45 seconds Ago
Up