close

ရေနံတစည် ဒေါ်လာ ၁၃၀

close

March 8, 2022

ရုရှားရေနံတင်ပို့မှု ပိတ်ပင်ခဲ့ပြီးနောက် ရေနံတစည် ဒေါ်လာ ၁၃၀ ထိ ဈေးတက်

ကမ္ဘာ့ရေနံဈေးကွက်မှာ ဘရန့်ရေနံစိမ်း တစည်ကို မတ် ၇ ရက်က  ဒေါ်လာ ၁၃၀ အထိ တက်ခဲ့ပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး တက်တာပါ။ 

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ရုရှားရဲ့ရေနံတင်ပို့မှကို ပိတ်ပင်ခဲ့တာနဲ့ အီရန်ရဲ့ ရေနံစိမ်း ကမ္ဘာ့ ဈေးကွက်ထဲ ပြန်ဝင်လာမှု နှောင့်နှေးနေတာကြောင့် ရေနံဈေးက စိုးရိမ်စရာ မြင့်တက်နေပါ။

တနင်္လာနေ့မှာ မိနစ်အနည်းငယ်အတွင်း ရေနံ တစည်ကို ၁၀ ဒေါ်လာကနေ ၁၃၀ ဒေါ်လာ နီးပါးအထိ ခုန်တက်ခဲ့ပါတယ်။ 

၂၀၀၈ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကာလမှာ တစည်ကို ၁၃၉ ဒေါ်လာအထိ ဖြစ်ခဲ့ပါတယ်။

လာမယ့်ရက်တွေအတွင်း တစည် ၁၄၇ ဒေါ်လာအထက်ထိ တက်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ 

ကိုဗစ်ကပ်ဘေးကြောင့် တကမ္ဘာလုံး စီးပွားရေးတိုးတက်မှု နှေးကွေးပြီး ငွေကြေးဖောင်းပွမှု အဆမတန် မြင့်မားချိန် စစ်ပွဲဂယက်နဲ့ ရေနံဈေးထောင်တက်နေတာ စိုးရိမ်စရာပါ။ ရေနံ‌ဈေးနဲ့အတူ တခြားကုန်ပစ္စည်းဈေးနှုန်းတွေ အပြိုင်လိုက်နေတာပါ။  

Bank of America ရဲ့ ခန့်မှန်းချက်အရ ရုရှားရေနံတင်ပို့မှုကို ဖြတ်ချလိုက်ရင် တရက်ကို ရေနံစည် ၅ သန်း လျော့ကျသွားပြီး ဈေးနှုန်းနှစ်ဆ ဒေါ်လာ ၁၀၀ ကနေ ဒေါ်လာ ၂၀၀ ထိ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 

1 min Ago
Up