အာရပ်စော်ဘွားများပြည်ထောင်စု UAE ကျောထောက်နောက်ခံ ပေးထားတဲ့ ယီမင်နိုင်ငံထဲက လက်နက်ကိုင်အဖွဲ့တဖွဲ့ဟာ နိုင်ငံတောင်ပိုင်း ရှာဘွာခရိုင်နားက ရေနံမြေတချို့ကို တခြားအုပ်စုဆီကနေ သိမ်းယူလိုက်ပါတယ်။
ယူအေအီးက ကျောထောက်နောက်ခံ ပေးထားတဲ့ Giants Brigade တပ်နဲ့ မဟာမိတ်တွေက ဩဂုတ် ၂၀ ရက်မှာ ရှာဘွာပြည်နယ်အတွင်း အာယက်ဇ်မြို့က ရေနံမြေအတွင်း ရုံးတွေကို သိမ်းယူ ခဲ့တယ်လို့ အစ္စလာမစ်အစ်လာပါတီကို သစ္စာခံတဲ့ တပ်တွေက ကြေညာချက် ထုတ်ပြန်ပြော ပါတယ်။
ပြည်တွင်း ပြိုင်ဘက်တွေက အဖွဲ့သစ်ကို တည်ထောင်ခဲ့လို့ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ သမ္မတရုံးကောင်စီက သူတို့ရဲ့ တပ်တွေကို ပြန်ဆုတ်ဖို့ ဩဂုတ် ၂၁ ရက်မှာ အမိန့်ထုတ်ခဲ့ရပါတယ်။
ယီမင်နိုင်ငံအတွင်း အီရန်နဲ့ မိတ်ဖက် ဟူသီစစ်အုပ်စုကို တိုက်နေရတဲ့ မဟာမိတ်အဖွဲ့ကို ဆော်ဒီအာရေဗျ အစိုးရက အားဖြည့်ဖို့ ကြိုးစားနေလို့ ယီမင်သမ္မတ ရုံးကောင်စီရဲ့ ကံကြမ္မာက ဆော်ဒီအတွက် အရေးကြီးပါတယ်။
၇ နှစ်ကျော်တဲ့အထိ အချိန်ကြာလာနေပြီး ပိုကျယ်ပြန့်လာတဲ့ ပဋိပက္ခကို အပြီးသတ် အပစ်အခတ် ရပ်စဲဖို့ ကုလသမဂ္ဂရဲ့ အားထုတ်မှုတွေအတွက်လည်း ခုသိမ်းပိုက်မှုက အရေးပါနေပါတယ်။
ယီမင်ပဋိပက္ခအတွင်း လူထောင်သောင်းချီ သေဆုံးပြီး ဆိုးရွားတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေ ဖြစ်ခဲ့တာပါ။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဖလံကိုင်းရေနံမြေရှိ စစ်ကောင်စီတပ်စခန်းကို မတ် ၁၈ ရက်မနက်ပိုင်းက လက်လုပ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နာရီဝက်လောက် အပြန်လှန်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ မြိုင်PDF ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။
“တာဝေးပစ် လက်နက်ကြီးနဲ့ အဝေးကနေ လှမ်းပစ်ရတာဆိုတော့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကို အတိကျမသိရသေးပေမဲ့ ထိခိုက်သေဆုံးသူ ရှိနိုင်တယ်။ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတဲ့ အခြေနေကို စုံစမ်းပြီး ထုတ်ပြန်ပေးသွားမယ်။”
နှစ်ဘက်တိုက်ပွဲမှာ မြိုင် PDF ကရဲဘော်တွေ အထိခိုက်အကျဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရေစကြိုမြို့နယ် ဝက်ပုတ်ရွာမှာလည်း မတ် ၁၅ ရက်က ညီနောင်မဟာမိတ်တပ်ဖွဲတွေနဲ့ပူးပေါင်းပြီး စစ်ကောင်စီစစ်ကြောင်းနဲ့ တစ်နာရီကြာတိုက်ပွဲ ဖြစ်ပွားခဲရာ စစ်ကောင်စီ တပ်သား ၂ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရပြီး မြိုင် PDF က ရဲဘော်တစ်ယောက်ကျဆုံးခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
မိဘပြည်သူတွေအနေနဲ့ အိမ်စီးကားတွေကို ည ၈ နာရီမှ မနက် ၅ နာရီအထိ ဖြတ်သန်းသွားလာတာ လုံးဝမလုပ်ကြဖို့ စစ်ကောင်စီကားတွေနဲ့အတူ သွားလာတာတွေမပြုလုပ်ဖို့နဲ့ လမ်းတလျှောက် ကားမှန်တွေချပြီးမှ မောင်းနှင်ကြဖို့လည်း သတိပေးထားပါတယ်။