close

ရေနံယိုဖိတ်

close

January 27, 2022

ထိုင်းအရှေ့ဘက်ကမ်းရိုးတန်းတွင် ရေအောက်ပိုက်လိုင်းယိုစိမ့်ပြီး ပင်လယ်ထဲ ရေနံယိုဖိတ်

ထိုင်းနိုင်ငံ အရှေ့ကမ်းရိုးတန်း ‘မက်တာဖွတ်’ ပယ်လယ်ဆိပ်ကမ်းစက်မှုဇုန်နဲ့ ကီလိုမီတာ ၂၀ ခန့်အကွာမှာ ပယ်လယ်ရေအောက် ပိုက်လိုင်းယိုစိမ့်မှုကြောင့် ရေနံယိုဖိတ်မှုတွေဖြစ်နေပြီး ထိုင်းရေတပ်နဲ့ အခြားအဖွဲ့တွေ  အရေးပေါ်ဆောင်ရွက်နေကြပါတယ်။

ရေအောက်ပိုက်လိုင်းကို ရေနံဓာတုကုမ္ပဏီ Star Petroleum Refining Public Company Limited (SPRC) က ပိုင်ဆိုင်ပြီး ဇန်နဝါရီ ၂၅ ရက်နေ့က စတင်ပြီး လက်ရှိအချိန် ၁၆၀,၀၀၀ လီတာ (၃၅,၁၉၅ ဂါလန်) လောက် ယိုစိမ့်ခဲ့တယ်လို့  ကုမ္ပဏီမန်နေဂျာက ပြောပါတယ်။

ရေနံယိုစီးမှုက ကမ်းခြေတွေအထိ ရောက်နိုင်တာကြောင့် ငါးဖမ်းသမားတွေ အနားမကပ်ဖို့  ထိုင်းအစိုးရက သတိပေးထားတာပါ။ 

နိုင်ငံခြားခရီးသွားတွေ အလာများတဲ့ ရာယန်ပြည်နယ် ခိုစမက် အပန်းဖြေကျွန်းကိုလည်း ရောက်နိုင်တယ်လို့ ပြောထားပါတယ်။

SPRC  ကုမ္ပဏီက ရေနံယိုဖိတ်မှုကို ထိန်းထားနိုင်ပြီလို့ ကြေညာပေမဲ့ မနေ့က ကုမ္ပဏီရဲ့ စတော့ရှယ်ယာဈေး ၈ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

10 mins Ago

August 20, 2020

မောရစ်ရှကမ်းလွန်တွင် ရေနံယိုဖိတ်ခဲ့သည့် ဂျပန်သင်္ဘောကပ္ပတိန်ကို ဖမ်းဆီး

မောရစ်ရှကမ်းလွန်မှာ ရေနံတန်ချိန် ၁၀၀၀ လောက် ယိုစိမ့်ခဲ့တဲ့  ဂျပန်သင်္ဘောကပ္ပတိန်ကို  မောရစ်ရှရဲတပ်ဖွဲ့က သြဂုတ် ၁၈ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။  အမ်ဗွီဝါကာရှီယို သင်္ဘောကပ္ပတိန် အိန္ဒိယလူမျိုး ဆန်နေးကူးမား-နာဒက်ရှ်ဝါကို  “ဘေးကင်းစွာ ရေကြောင်းသွားလာခြင်းကို အန္တရာယ်ဖြစ်စေမှုနဲ့” စွဲချက်တင်ခဲ့တာပါ။  သင်္ဘောပထမအရာရှိလည်း ဖမ်းဆီးခံရသလို သင်္ဘောအမှုထမ်း အားလုံးကို မေးမြန်းနေ တယ်လို့ စုံစမ်းရေးမှူးတွေက ပြောဆိုပါတယ်။   ကမ်းခြေကနေ အနည်းဆုံး ၁၆ ကီလိုမီတာအကွာမှာ ရှိရမယ့် သင်္ဘောဟာ ဘာကြောင့် သန္တာကျောက်တန်းကို တိုက်ချိန်မှာ  ၂ ကီလိုမီတာ အကွာမှာသာ ရှိနေလဲဆိုတာကို ဒီစုံစမ်းရေးမှာ  အဓိကထား မေးမြန်းသွားမှာပါ။  သင်္ဘောကပ္ပတိန် နာဒက်ရှ်ဟာ  လာမယ့်သီတင်းပတ်မှာ အာမခံကြားနာချက်ကို ရင်ဆိုင်ရဖို့ ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
Up